ကမ္ဘာ့ပင်လယ်/သမုဒ္ဒရာတွေဆီက သဲတွေကို တစ်နှစ်ကို တန်ချိန်ပေါင်း ၆ ဘီလျံထုတ်ယူနေကြောင်း UN ပြော
PUBLISHED - September 6, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၆
ကမ္ဘာ့ပင်လယ်ပြင်နဲ့ သမုဒ္ဒရာတွေကနေ တစ်နှစ်ကို သဲနဲ့ နှှုန်းအနယ်အနှစ်တွေ တန်ချိန်ပေါင်း ၆ ဘီလျံခန့်ထုတ် ယူနေကြတဲ့အတွက် မတူကွဲပြားတဲ့ဇီဝမျိုးကွဲများနဲ့ ကမ်းရိုးတန်းနေထိုင်သူများအတွက် ပျက်စီးဆုံးရှုံးမှုတွေဖြစ် ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
ပင်လယ်ပြင်တစ်ဝန်း သဲ၊ နှုန်း၊ အနယ်အနှစ်တွေကို ထုတ်ယူမှုအတွက် သတင်းအချက်အလက်တွေရရှိထား တာကြောင့် ထုတ်ယူမှုပမာဏကြီးမားလှတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ကြောင်း ကုသ သမဂ္ဂသဘာဝပတ်ဝန်းကျင်စီမံချက် United Nations Environment Programme (UNEP) အဖွဲ့က သတိပေး ခဲ့ပါတယ်။
“ပင်လယ်ကမ်းဦးရေတိမ်ပိုင်းမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ သဲ/နှုန်း/ အနယ်အနှစ်တွေ တူးယူနေတဲ့လုပ် ငန်းတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအတိုင်းအတာဟာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေပါပြီ။” လို့ UNEP အဖွဲ့ရဲ့ ဆန်းစစ်လေ့လာမှုစင်တာကို ဦးဆောင်နေတဲ့ ပတ်စ်ကယ်လ်ပီဒတ်ဇီက ပြောပါတယ်။
ဇီဝမျိုးကွဲတွေအပေါ် ထိခိုက်မှုတွေ၊ ရေပြင်နောက်ကျိမှုတွေနဲ့ နို့တိုက်သတ္တဝါတွေအပေါ် ဆူညံသံအနှောင့်အ ယှက်တွေကို ၎င်းကထောက်ပြခဲ့ပါတယ်။
ကမ္ဘာ့ပင်လယ်ပြင်တွေက သဲ၊ ရွှံ့စေး၊ နုန်း၊ ကျောက်စရစ်နဲ့ ကျောက်တုံးတွေကို တူးဖော်ထုတ်ယူနေတာတွေ ကို Marine Sand Watch ဆိုတဲ့အဖွဲ့ကြီးက ဉာဏ်ရည်တု (AI) နည်းပညာတွေအသုံးပြုပြီး စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။
Marine Sand Watch အဖွဲ့ကြီးဟာ အလိုအလျောက်ရှာဖွေဖော်ထုတ်ရေးစနစ် (Automatic Identification System –AIS) လို့ခေါ်တဲ့ AI နည်းပညာတွေတပ်ဆင်ထားတဲ့ သင်္ဘောတွေနဲ့ မြောက်ပိုင်းပင်လယ်နဲ့ အမေရိ ကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်း အပါအဝင် သဲတူးနေတဲ့သင်္ဘောတွေကို ရှာဖွေဖော်ထုတ်လျက်ရှိ ပါတယ်။
AI နည်းပညာတွေတပ်ဆင်ထားတဲ့သင်္ဘောတွေက ထုတ်လွှင့်တဲ့ အချက်ပြစနစ်တွေဟာ ကမ္ဘာပေါ်က ဘယ် သင်္ဘောရဲ့လှုပ်ရှားမှုကိုမဆို ခြေရာခံနိုင်ကြောင်း ပတ်စ်ကယ်လ်ပီဒတ်ဇီက ပြောပါတယ်။
ကမ္ဘာပေါ်ကလူသားတွေထုတ်လုပ်နေတဲ့ သဲနဲ့ ကျောက်စရစ် တန်ချိန်ပေါင်း ၅၀ ဝန်းကျင်ရှိတဲ့အထဲက တန်ချိန် ၄ ဘီလျံနဲ့ ၈ ဘီလျံကြားပမာဏဟာ ကမ္ဘာ့သမုဒ္ဒရာတွေနဲ့ ပင်လယ်ပြင်တွေကလာတာဖြစ်ကြောင်း အဲဒီ Marine Sand Watch အဖွဲ့ကြီးက တွက်ချက်ထားတယ်လို့ ဆိုပါတယ်။
“ဒီပမာဏဟာ တစ်နှစ်ကို ပင်လယ်ပြင်ကနေ တန်ချိန်ပေါင်း ၆ ဘီလျံထွက်တယ်လို့ ပြောနေတဲ့ပမာဏဖြစ်ပါ တယ်။” လို့ ပီဒတ်ဇီက ပြောပါတယ်။
“ကျွန်တော်တို့လူ့အဖွဲ့အစည်းတစ်ခုလုံးက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတွေကနေ ရေအားလျှပ်စစ် ထုတ်လုပ်မယ့်ဆည်မြောင်းတွေ၊ ဆိုလာပြားတွေနဲ့ မှန်တွေအထိ ဆောက်လုပ်ရေးပစ္စည်းအဖြစ် သဲတွေကို မှီခို နေရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ သဲတွေဟာ ကမ်းရိုးတန်းနေထိုင်သူတွေအတွက် ပင်လယ်ရေပြင်မြင့်တက်မလာအောင် ထိန်း သိမ်းပေးထားတဲ့ သဘာဝပတ်ဝန်းကျင်အခန်းကဏ္ဍမှာလည်း အရေးကြီးတဲ့အခန်းက ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။
သဲတွေကို ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏထက် ပိုမိုထုတ်လုပ်နေတာဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုထိခိုက်စေကြောင်း ၎င်းက ပြောပါတယ်။
Ref: Six bn tonnes of sand extracted from world’s oceans each year: UN : AFP
#PeopleMedia