• Follow Us on

Home ကမ္ဘောဒီးယားက ဆေးခန်းတစ်ခုကို တရုတ်သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး အကျဉ်းသားတစ်ဦးကို ကယ်ထုတ်သွား

ကမ္ဘောဒီးယားက ဆေးခန်းတစ်ခုကို တရုတ်သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး အကျဉ်းသားတစ်ဦးကို ကယ်ထုတ်သွား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈

 

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်) မြိုက သွားဆေးခန်းတစ်ခုမှာ ကြာသပတးနေ့ မနက်ပိုင်းက ဆေးဝါးကုသမှုခံ ယူနေတဲ့ တရုတ်အကျဉ်းသားတစ်ဦးကို ကယ်ဆယ်ဖိုအတွက် မျက်နှာဖုံးစွပ်ထားတဲ့သေနတ်သမား ငါးဦးဟာ အဲဒီဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

 

ဆီရမ်ရိ(ပ်) မြို၊ ဆဗေးဒန်ကွမ်ဒေသ၊ တာဖောင်းကျေးရွာမှာတည်ရှိတဲ့ ချန်းချန်ဒါဆေးခန်းမှာ သြဂုတ်လ ၁၇ ရက်နေ့ မနက် ၈ နာရီကဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဲဒီအကျဉ်းသားလွတ်မြောက်သွားတယ်လိုဆိုပါတယ်။

 

ကြာသပတေးနေ့မနက် ၈ နာရီလောက်က အကျဉ်းဦးစီးအရာရှိလေးဦးဟာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ ပြစ် ဒဏ်ချမှတ်ခံထားရတဲ့ အဲဒီအကျဉ်းသား သွားဆေးဝါးကုသမှုခံယူဖိုအတွက် အဲဒီဆေးခန်းကို ခေါ်ဆောင်သွားခဲ့ တာဖြစ်ကြောင်း ဆီရမ်ရိ(ပ်) မြိုနယ်ရဲတပ်ဖွဲရဲ့ ဒုတိယအကြီးအကဲ ဒုတိယရဲမှူးကြီး မမ်ဆာရင်က Khmer Times သတင်းဌာနကိုပြောပါတယ်။

 

အကျဉ်းသားဆေးကုသမှုခံယူနေစဉ် အကျဉ်းဦးစီးအရာရှိလေးဦးဟာ ဆေးကုခန်းရဲ့အပြင်ဘက်မှာစောင့်နေ ကြကြောင်း၊ အဲဒီအချိန်မှာပဲ မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမားငါးဦးက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း ဒုရဲမှူးကြီး မမ်ဆာရင်က ပြောပါတယ်။

 

“ဆေးခန်းကိုဝင်ရောက်စီးနင်းတဲ့အချိန်မှာ တရုတ်နိုင်ငံသား အဲဒီသေနတ်သမားငါးဦးဟာ အကျဉ်းဦးစီးအရာရှိ တွေကို သေနတ်နဲ့ချိန်ပြီး လက်ထိပ်ခတ်လိုက်ကြပါတယ်။” လို ဒုရဲမှူးကြီး မမ်ဆာရင်က ပြောပါတယ်။

 

“အကျဉ်းဦးစီးအရာရှိတွေကို လက်ထိပ်ခတ်ပြီးသွားချိန်မှာ အဲဒီသေနတ်သမားတွေက အကျဉ်းသားကိုလွှတ် လိုက်ပြီး အပြင်ဘက်မှာစောင့်နေတဲ့ Lexus 330 ကားပေါ်ကို ခေါ်ဆောင်သွားပြီးတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားကြပါတယ်။” လို ၎င်းက ပြောပါတယ်။

 

အခင်းဖြစ်ပြီး တစ်နာရီလောက်အကြာမှာတော့ သေနတ်သမားတွေနဲ့ လွတ်မြောက်အကျဉ်းသားတို အသုံးပြု သွားတဲ့ကားကို မြိုပြင်တစ်နေရာက ချောင်တစ်ခုမှာ ရဲတပ်ဖွဲက ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းကပြောပါတယ်။

 

အဲဒီယာဉ်ပေါ်မှာ အသံတိတ်ကိရိယာတပ်ဆင်ထားတဲ့ပစ္စတိုငါးလက်၊ မျက်နှာဖုံးစွပ်ငါးခု၊ လက်အိတ်ငါးစုံတိုကို တွေ့ရှိရကြောင်း ၎င်းက ပြောပါတယ်။

 

လွတ်မြောက်အကျဉ်းသားနဲ့ ကြံရာပါအုပ်စုကို ရဲတပ်ဖွဲက အပူတပြင်းလိုက်လံရှာဖွေနေတယ်လိုဆိုပါတယ်။

 

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ အကျဉ်းသားနာမည်က ချန်စင်းဟန်ဖြစ်ကြောင်း ဆီရီရိ(ပ်) ပြည်နယ် အကျဉ်းဦးစီး ဌာနဒုတိယအကြီးအကဲ ရဲမှူးချုပ် ဆန်းဆမွန်းရမ်က ပြောပါတယ်။

 

မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ ချန်စင်းဟန်ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းမိတာဖြစ် ပြီး ကမ္ဘောဒီးယားမူးယစ်ဥပဒေ ပုဒ်မ ၄၀ အရ ပြစ်မှုထင်ရှားကြောင်းစိစစ်တွေ့ရှိရတာကြောင့် ထောင်ဒဏ် ၅၂ နှစ် ချမှတ်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဆီရီရိ(ပ်)ပြည်နယ်မှာ ဒီလိုဖြစ်စဉ်မျိုးဖြစ်တာ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ နောင် အလားတူဖြစ်စဉ် မျိုးမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တိုရဲ့လုံခြုံရေးအစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။” လို ရဲမှူးချုပ် ဆန်းဆမွန်းရမ်က ပြောပါတယ်။

 

Ref: Chinese gunmen storm clinic in SR to free prisoner

 

#PeopleMedia


Share this post