ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံ ရထားလမ်းသစ်ချိတ်ဆက်ဖွင့်လှစ်
PUBLISHED - August 4, 2023
နိုင်ငံတကာ၊ သြဂုတ် ၄
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ရထားလမ်းသစ်ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး ခရီး သွားလာရေးလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို မြှင့်တင် ပေးပြီး နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် အရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ် ရပ်အဖြစ် သယ်ယူပို့ဆောင်ရေးကျွမ်းကျင်သူတွေက ချီးကျူးပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က ရထားလမ်းတရားဝင်ဆက်သွယ်ရေးဆောင်ရွက်မှုဟာ အာဆီယံနဲ့ တရုတ်နိုင်ငံကြား က အလွန်အရေးပါတဲ့ လော်ဂျစ်စတစ်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ရပ်ဖြစ်လာမှာဖြစ်ကြောင်း ကမ္ဘော ဒီးယားလော်ဂျစ်စတစ်အသင်း (CLA) ရဲ့ ဥက္ကဋ္ဌ ဆင်ချန်သီက ပြောပါတယ်။ ပုံမှန်အားဖြင့် ဒီကနေ့အချိန်အထိ ကုန်စည်တွေကို ထရပ်ကားတွေနဲ့သယ်ယူပို့ဆောင်နေရတဲ့အတွက် အခုလို ရထားလမ်းသစ်ချိတ်ဆက်မှုကို အထူးသဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍက စိတ်အားထက်သန်စွာမျှော်လင့်ခဲ့ရ ကြောင်း ချန်သီက ပြောပါတယ်။
“ရထားနဲ့သယ်ယူပို့ဆောင်ရတာ တခြားယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရတာထက် အချိန်ကုန်သက်သာစေပါ တယ်။ ဒ့ါအပြင် လမ်းအပျက်အစီးလည်း နည်းပါးတဲ့အပြင် သယ်ယူပို့ဆောင်စရိတ်လည်း အကုန်အကျသက် သာစေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ ရထားလမ်းသစ်ချိတ်ဆက်မှုဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ကုန်သွယ်ရေးကို တိုးချဲ့နိုင်မှာဖြစ် ပြီး ကမ္ဘောဒီးယားနိုင်ငံက ကုန်စည်တွေကို ထိုင်းနိုင်ငံကတစ်ဆင့်ဖြတ်သန်းပြီး လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို ပေးပို့သွားနိုင်မှာဖြစ်ကြောင်း ချန်သီက ပြောပါတယ်။
ရထားလမ်းကနေ ကုန်စည်သယ်ယူပို့ဆောင်တာဟာ ထရပ်ကားတွေထက်ပိုမိုမြန်ဆန်ရုံသာမက ရေလမ်းခရီး က သယ်ယူပို့ဆောင်တာထက် စရိတ်စက ပိုမိုသက်သာတယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံ လော်ဂျစ်စတစ်နဲ့ ထောက်ပံ့ရေးကွင်းဆက်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ချီးစ်ချန်ဒါရာက ပြောပါတယ်။
အခုလိုရထားလမ်းသစ်ဖွင့်လှစ်လိုက်တာဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အကျိုးသက်ရောက်မှုတွေရှိ ပြီး သယ်ယူပို့ဆောင်စရိတ်လျော့ကျခြင်း၊ အချိန်ကုန်သက်သာခြင်းနဲ့ နှစ်နိုင်ငံကြားစီးပွားရေးလမ်းကြောင်းကို ပို မိုမြှင့်တင်နိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေအပါအဝင် ကုန်ပစ္စည်းတွေတင်ပို့တာဖြစ်စေ ခရီးသည်တွေပို့ဆောင်တာဖြစ်စေ အကန့်အ သတ်မရှိဘဲ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေရှိကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံ ဆာခဲယိုပြည်နယ် ခလောင်းရိုလိတ်ခ်ကျေးရွာမှာတည်ရှိတဲ့ ဘူတာရုံကနေ စတင်တဲ့ အဲဒီရထားလမ်း ဟာ Royal Railway Plc ကုမ္ပဏီနဲ့ Thai firm Global Multimodal Logistics Co Ltd ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Ref: Cambodia, Thailand on track with new railway connectivity
#PeopleMedia