ကမ္မမြို့နှင့် (၃)မိုင်ခန့်အကွာ၊ မြစ်ခြေမြို့နှင့် (၅)မိုင်ခန့်သာကွာဝေးသည့် ကျပ်တိုးနယ်မြေရဲစခန်း တိုက်ခိုက်ခံ ရ၍ ပျက်စီးသွား၊နယ်မြေရှင်းလင်းပေးရန် ဒေသခံများ န-စ-က ထံ တောင်းဆို
PUBLISHED - May 4, 2024
နေပြည်တော်၊ မေ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မ- မြစ်ခြေလမ်းပေါ်ရှိ မြစ်ခြေမြို့နှင့် (၅)မိုင်ခန့် ကမ္မမြို့နှင့် (၃) မိုင် ခန့်သာ ကွာဝေးသည့် ကျပ်တိုးနယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသဖြင့် နယ်မြေရှင်း လင်းပေးရန် ဒေသခံများ က န-စ-က ထံ တောင်းဆိုလိုက်သည်။
လက်ရှိ အချိန်၌ PDF အဖွဲ့ဝင်များသည် ကျပ်တိုးနယ်မြေရဲစခန်းကို ရိက္ခာနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ကာ ဒရုန်းများဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်လျက်ရှိနေသည်။ “ရိက္ခာဖြတ်ထားတာ ဒီနေ့နဲ့ဆို ငါးရက်ရှိသွားပြီ။ ရိက္ခာဖြတ်ပြီး ရေသုံးလို့မရအောင် ဖုန်းဘာညာ အားသွင်းလို့ မရအောင် လျှပ်စစ်မီးဖြတ်ထားတယ်။ မနေ့က ၆ နာရီလောက်က စခန်းကို ဒရုန်းတွေနဲ့ချတယ်။ အလုံး (၂၅)ကနေ (၃၀) လောက် ရှိမယ်။ ဒရုန်း ငါးစီးလောက်နဲ့ ပတ်ချနေတာ” ဟု ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ယင်းသို့ PDF အဖွဲ့ဝင်များ၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အဦးများ ပျက်စီး သွားကြောင်းနှင့် စစ်ကူများ လက်ရှိအချိန်ထိ မရောက်ရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ညက ဒရုန်းနဲ့ ချလို့ အရင်နေတဲ့ တဲနှစ်လုံး မီးလောင်ပျက်စီးသွားတယ်။ ည (၈)နာရီလောက်ကျ ပြန်ငြိမ် သွားတယ်။ မနက် (၇)နာရီခွဲ လောက်ကျ လာပစ်တယ်။ ပစ်ပြီးတော့ ဒရုန်းတွေနဲ့ ချနေတာ ခုချိန်ထိပဲ။ အခုဆို အလုံး (၂၀) လောက်ရှိသွားပြီ။ စစ်ကူတွေက လာပြီလို့ ပြောတယ်။ အခုချိန်ထိ မရောက်သေးဘူး။ သူတို့ အင်အားက (၂၀၀)လောက်ရှိမယ်။ စစ်ကူမြန်မြန်လေး ပို့ပေးပါလို့ ပြောချင်ပါတယ်။ ကိုယ်ရွာကို နေချင်တယ်။ နယ်မြေရှင်းလင်းပေးဖို့ န-စ-က ကို တောင်းဆိုပါတယ်။ အခုက မြို့ဘေးက စခန်းဆိုတော့ ကြားမကောင်းဘူး” လို့ ၎င်းက ပြောဆိုသည်။
#PeopleMedia