• Follow Us on
Latest News

Home ကမ္မလာဟားရစ် ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်

ကမ္မလာဟားရစ် ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

 

ရွှေ့ပြောင်းသွားလာသူတွေဟာ အမေရိကအတွက် အန္တရာယ်တစ်ခုအဖြစ်ခြိမ်းခြောက်နေကြောင်း ပြိုင်ဘက် ရီ ပတ်ဘလီကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က ပြောကြားနေစဉ် ဒုတိယသမ္မတကမ္မလာဟားရစ်ဟာ ၂၀၂၄ ခုနှစ်မဲဆွယ်ပွဲကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်ခဲ့ပါ တယ်။

 

ဟားရစ်ဟာ အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နေတဲ့လူတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်အောင်ပြသမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လူဦးရေ ၁၇၀၀၀ မပြည့်တဲ့ အရီဇီုးနား ပြည်နယ်က ဒေါက်ဂလပ်ဆိုတဲ့ နယ်စပ်မြို့ကလေးကို သောကြာနေ့ မွန်းလွဲပိုင်းက သွားရောက်ခဲ့တာဖြစ်ပါ တယ်။

 

နိုင်ငံရေးခိုလှုံခွင့်ပေးတဲ့ စည်းကမ်းချက်တွေကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားဖို့ တောင်းဆိုသွားမှာဖြစ်တယ် လို့ ဟားရစ်ဟာ သောကြာနေ့ညနေမှာပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားမှာဖြစ်ကြောင်း မဲဆွယ်ပွဲ အဖွဲ့က ပြောပါတယ်။

 

ဟားရစ်နဲ့ ဘိုင်ဒန်လက်ထက်မှာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်း နေထိုင်သူ ၇ သန်းခန့်ကို ဖမ်းဆီးထားကြောင်း အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရသိရပြီး အဲဒီလို အရေအတွက် အများအပြားဖမ်းဆီးထားတာကြောင့် ထရမ့်အတွက် ဝေဖန်စရာအကွက်ဆိုက်သွားခဲ့တယ်လို့ဆိုပါတယ်။

 

ခိုလှုံခွင့်ပိတ်ပင်ထားလိုက်ကြောင်း အခုနှစ်အစောပိုင်းမှာ ဘိုင်ဒန်က ကြေညာခဲ့တဲ့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေဟာ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။

 

ဒေါက်ဂလပ်မြို့မှာ ရောက်ရှိနေစဉ်အတွင်း ဟားရစ်ဟာ အကောက်အခွန်အရာရှိတွေ၊ နယ်စပ်ကာကွယ်ရေး အရာရှိတွေနဲ့ စကားပြောခဲ့ပြီး ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တဲ့ နယ်စပ်ခြံစည်းရိုးအစိတ် အပိုင်းတချို့ကို ကြည့်ရှုခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

 

ထရမ့်နဲ့ ၎င်းရဲ့ မိတ်ဖက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်တို့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေက ရာဇဝတ်မှုတွေနဲ့ ခိုးမှုတွေ ကျူးလွန်နေကြတယ်ဆိုတဲ့ သတင်းမှားကြီးကိုပဲ ထပ်ဖန်တလဲလဲပြောကြားရင်း မကြာသေးခင် ကာ လအတွင်းက ရွှေ့ပြောင်းနေ ထိုင်သူတွေနဲ့ ပတ်သက်ပြီး ပိုမိုဝေဖန်ခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ထိပ်ဆုံးက ပြဿနာဖြစ်ပါတယ်။

 

အရီဇိုးနားပြည်နယ်ဟာ ပါတီနှစ်ရပ်စလုံးက အပြိုင်အဆိုင်မဲဆွယ်နေတဲ့ လက်တင်အမေရိကဖွား အမေရိကန် နိုင်ငံသားတွေ အများစု နေထိုင်တဲ့ပြည်နယ်ဖြစ်ပါတယ်။

 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ များပြားလာတဲ့အတွက် သောကြာနေ့က ထရမ့်က ဟားရစ်ကို ပြစ်တင်ဝေ ဖန်လိုက်ပါတယ်။

 

“ဒီပျက်စီးမှုကြီးရဲ့ ဗိသုကာဆရာမကြီးဟာ ကမ္မလာဟားရစ်ပါပဲခင်ဗျား။ နယ်စပ်ဒေသအရေး ဘယ်လိုကိုင်တွယ် ဖြေရှင်းချင်တယ်လို့ သူ တောက်လျှောက်ပြောနေတာပါပဲ။ အခု သက်တမ်းလေးနှစ်အတွင်းမှာ သူဘာလို့ ဒါတွေ ကို မလုပ်ခဲ့သလဲလို့ ကျွန်တော်တို့ မမေးခဲ့ပါဘူး။ ဒါက အင်မတန်ရိုးရှှုင်းတဲ့ မေးခွန်းပဲ မဟုတ်ပါလား။” လို့ ထရမ့် က ပြောပါတယ်။

 

ဟားရစ်ဟာ အမေရိကန်က မြို့ငယ်လေးတွေကို ပျက်စီးနေတဲ့ ဒုက္ခသည်စခန်းတွေဖြစ်လာအောင် လုပ်နေ တယ်လို့လည်း ထရမ့်က စွပ်စွဲပြောဆိုပါတယ်။

 

Ref: Harris to call for tighter immigration controls in border visit

 

#PeopleMedia


Share this post