• Follow Us on
Latest News

Home ကမ်နန်နော့ အမှန်တကယ်အဖမ်းခံရတာဟုတ်ရဲ့လားလို့ ထိုင်းပြည်သူတွေ မေးခွန်းထုတ်နေ

ကမ်နန်နော့ အမှန်တကယ်အဖမ်းခံရတာဟုတ်ရဲ့လားလို့ ထိုင်းပြည်သူတွေ မေးခွန်းထုတ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ဖမ်းဆီးချုပ်နှောင်ထားမှုရဲ့ အသိရခက်တဲ့လျှို့ဝှက်ဆန်း ကြယ်မှုတွေကြောင့် အမြန်လမ်းရဲအရာရှိတစ်ဦးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ အဖမ်းခံထားရတဲ့ “ကမ်နန်နော့” ခေါ် ပရာဝီးချန်ခလိုင်ဟာ ဘန်ကောက်ရီမန်အကျဉ်းထောင်ထဲမှာ အမှန်တကယ်အဖမ်းခံထားရတာဟုတ်ရဲ့ လားဆိုတဲ့ သံသယတွေ ထွက်ပေါ်နေပါတယ်။

 

အကျဉ်းဦးစီးဌာနအနေနဲ့ ပရာဝီးထောင်ထဲမှာ အမှန်တကယ်ရှိနေတယ်ဆိုတာကို ခိုင်လုံတဲ့သက်သေပြဖို့ လူမှု ကွန်ရက်ပေါ်မှာ ကော်မန့်ပေါင်းအများအပြားက တောင်းဆိုလျက်ရှိပါတယ်။

 

အကျဉ်းထောင်ထဲမှာရောက်နေတဲ့သူဟာ ပရာဝီးကိုယ်စား ပရာဝီးနဲ့ရုပ်ရည်ဆင်တူတဲ့သူကို အစားထိုးထားတာ ဖြစ်ကြောင်း ပြည်သူတချို့က ပြောဆိုနေကြပါတယ်။

 

သက်ဆင်တို့လို ချမ်းသာတဲ့သူတွေနဲ့ ပရာဝီးတို့လို သြဇာတိက္ကမရှိတဲ့သူတွေအတွက် ထောင်ထဲမှာမနေဘဲ အ ထူးပြုစုစောင့်ရှောက်မှုရယူခွင့်ရှိနေတာကြောင့် အကျဉ်းထောင်ဆိုတာ ထိုင်းဆင်းရဲသားတွေအတွက်သက်သက် သာဖြစ်ကြောင်း ယုံကြည်နေကြတဲ့အတွက် နိုင်ငံရဲ့တရားစီရင်ရေးစနစ်ကို ပြည်သူအများအပြားက အယုံအ ကြည်မရှိကြောင်း ပြောဆိုနေကြပါတယ်။

 

ပရာဝီးအမှန်တကယ်ရှိတဲ့နေရာနဲ့ပတ်သက်တဲ့ ခန့်မှန်းထင်မြင်ယူဆချက်တွေက ဗိုင်းရပ်စ်လိုပြန့်ပွားနေပြီး အကျဉ်းဦးစီးဌာနကို လူသိရှင်ကြားငြင်းဆိုဖို့ ဖိအားပေးလျက်ရှိပါတယ်။ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အယုတ်ဆင်တော့ဖန့်ကတော့ ပရာဝီးကို အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတာသေချာကြောင်း ထပ်ဖန်တလဲလဲ ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် အကျဉ်းဦးစီးဌာနအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိနေတဲ့ အချက်အလက်တွေက ပရာဝီးရဲ့လက်ဗွေ နဲ့ လက်ရှိပရာဝီးရဲ့လက်ဗွေတို့ကို နှိုင်းယှဉ်စစ်ဆေးခဲ့ပြီးဖြစ်တဲ့အတွက် အကျဉ်းထောင်ထဲကပုဂ္ဂိုလ်ဟာ ပရာဝီး အစစ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပရာဝီးအနေနဲ့ အကျဉ်းထောင်က သူ့အခန်းကိုမသွားခင် လက်ရှိအချိန်မှာ ကွာရန်တီးဝင်နေရကြောင်း၊ ၎င်းရဲ့ ဇနီးနဲ့ ကလေးတွေကို ပရာဝီးထံထောင်ဝင်စာလာတွေ့ခွင့်ပေးထားကြောင်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်က ပြောပါတယ်။

 

ထောင်ထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ပရာဝီးဆိုတာ အတည်ပြုနိုင်ဖို့အတွက် အဲဒီပုဂ္ဂိုလ်ရဲ့လက်ဗွေတွေကို ထပ် မံစစ်ဆေးပေးဖို့တောင်းဆိုရင်း စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားရေးဝန်ကြီးထံကို တိုင်တန်းစာတစ်စောင်ပို့ ဖို့ စီစဉ်ထားကြောင်း ယဉ်ကျေးသောထိုင်းပါတီ (Thai Civilised party) က လွှတ်တော်အမတ်ဟောင်း မောင် ကိုးလ်ကစ်ဆပ်ဆင်သရာနွန်က ၎င်းရဲ့ Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

 

Ref: Online speculation grows over Kamnan Nok’s actual whereabouts

 

#PeopleMedia


Share this post