• Follow Us on
Latest News

Home ကမ်မလာဟားရစ်နဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးပွဲမလုပ်တော့ဘူးလို့ ထရမ့်ပြော

ကမ်မလာဟားရစ်နဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးပွဲမလုပ်တော့ဘူးလို့ ထရမ့်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

 

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ အင်္ဂါနေ့ညက စကားစစ်ထိုးပွဲကျင်းပပြီးတဲ့နောက် ဒုတိယသမ္မတကမ် မလာဟားရစ်နဲ့ စကားစစ်ထိုးပွဲထပ်မံပြုလုပ်တော့မှာမဟုတ်ကြောင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် က ကြာသပတေးနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ရှိလာတော့မှာ မဟုတ်ပါဘူး။” လို့ ထရမ့်က ၎င်းရဲ့ Truth Social လူမှု ကွန်ရက်အကောင့်မှာတင်ထားတဲ့ ပို့စ်အရှည်ကြီးရဲ့ အဆုံးသတ်မှာ ရေးသားထားပါတယ်။

 

ပထမအကြိမ် စကားစစ်ထိုးပွဲကို ထရမ့်နဲ့ ဂျိုးဘိုင်တို့ ဇွန်လအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

“ဆုကြေးအတွက်ထိုးသတ်တဲ့လက်ဝှေ့သမားတစ်ဦး လက်ဝှေ့ပွဲမှာ ရှုံးနိမ့်သွားတဲ့အခါ သူ့ပါးစပ်က ပထမဦးဆုံး ထွက်လာတဲ့စကားက ကျွန်တော် မကျေပွဲတစ်ပွဲ နွှဲချင်ပါတယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။” လို့ ထရမ့်က ၎င်းရဲ့ ပို့စ်မှာရေးသားခဲ့ပြီး အမည်တပ်မထားတဲ့မဲတွေက ၎င်းအနိုင်ရရှိကြောင်း ပြသနေတယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။

 

“ကျွန်တော်တို့ စကားစစ်ထိုးပွဲနှစ်ကြိမ်လုပ်ခဲ့ပြီး အဲဒီနှစ်ကြိမ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် နောက်ထပ် တတိယအ ကြိမ်စကားစစ်ထိုးပွဲ ရှိလာမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်တောင်ကျနေပါပြီ။ မဲတွေပေးပြီးသွားပါပြီ။”လို့ အဲဒီနေ့ ညနေပိုင်းမှာ အရီဇိုးနားပြည်နယ် တက္ကဆန်မြို့ မဲဆွယ်ပွဲမှာ ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ ရိုက်တာသတင်းဌာန၊ ဗြိတိန်နိုင်ငံတကာသုတေသနအဖွဲ့ YouGov နဲ့ CNN သတင်းဌာနတို့ရဲ့ အဆိုအရ ကနဦးမဲတွေမှာ မဲဆန္ဒရှင်အများစုရဲ့သဘောထားက ထရမ့်ထက် ဟားရစ်ကို ပိုပြီးထောက်ခံကြတယ်လို့ဆိုပါ တယ်။

 

သတင်းအချက်အလက်ဝေဖန်ရေးစားသူအများစုနဲ့ စောင့်ကြည့်လေ့လာသူအများစုကလည်း ဟားရစ်က အသာ စီးနဲ့ တိုက်ခိုက်နေပြီး ထရမ့်က ခံစစ်ဘက်ကနေ ကာကွယ်နေရတဲ့အတွက် ဟားရစ်အသာစီးရနေကြောင်း သ ဘောတူခဲ့ကြပါတယ်။

 

ထရမ့်ဟာ ဟေတီရွှေ့ပြောင်းနေထိုင်သူတွေက အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တယ်တို့၊ လူ တွေက ၎င်းရဲ့မဲဆွယ်ပွဲတွေကနေ စောစောစီးစီးထွက်မသွားကြဘူးတို့၊ ၎င်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအ စီအစဉ်တစ်ရပ်နဲ့ပတ်သက်ပြီး မူဝါဒရှိပြီးသားတို့ဆိုတဲ့ စကားတွေကိုချည်း ထပ်တလဲလဲပြောပြီး ၎င်းစကားကို အာရုံစိုက်အောင် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 

ထရမ့်ပို့စ်တင်လိုက်ပြီး အချိန်ပိုင်းအတွင်းမှာပဲ မြောက်ကာရိုလိုင်းနားက မဲဆွယ်ပွဲတစ်ခုမှာ ဟားရစ်က မိန့်ခွန်း ပြောကြားစဉ် ၎င်းအနေနဲ့ နောက်ထပ်စကားစစ်ထိုးပွဲတစ်ခုအတွက် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

 

“ကျွန်မတို့ နောက်ထပ် စကားစစ်ထိုးပွဲတစ်ခု ထပ်လုပ်ပြီး ပြောစရာတွေ ရှိနေသေးတယ်လို့ ယုံကြည်ပါတယ်။” လို့ ဟားရစ်က ပြောပါတယ်။

 

ထရမ့်ကိုထောက်ခံသူ အများအပြားကလည်း ဖီလာဒဲလ်ဖီးယားက စကားစစ်ထိုးပွဲမှာ ဟားရစ်အနိုင်ရရှိခဲ့တယ် လို့ ပြောကြပါတယ်။

 

သမ္မတလောင်းယှဉ်ပြိုင်ပွဲကနေ ထွက်ခွာလာပြီးနောက် ထရမ့်ကိုထောက်ခံခဲ့တဲ့ ရောဘတ်အက်ဖ်ကနေဒီ ဂျူနီ ယာကလည်း “ထရမ့်က စီမံအုပ်ချုပ်မှုအပိုင်းမှာ နိုင်တယ်လို့ ဆိုရင်တောင်မှ မိန့်ခွန်းပြောတဲ့နေရာ၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့ပြီး ပြောင်မြောက်မှု၊ စည်းရုံးရေးစွမ်းအားနဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေမှာတော့ ဟားရစ်က အနိုင်ရရှိတယ်လို့ မြင်ပါတယ်။” လို့ ပြောပါတယ်။

 

အင်္ဂါနေ့ညပိုင်းမှာ စကားစစ်ထိုးပွဲအဆုံးသတ်ပြီးနောက် ဂျော်ဂျီယာပြည်နယ်က ရီပတ်ဘလီကန်အမတ် မိုက် ကော့လင်းစ်ကလည်း “ဘယ်သူနိုင်လဲဆိုတာ သိချင်ကြမှာပဲ။ ဒုတိယအကြိမ် စကားစစ်ထိုးပွဲလုပ်ဖို့ ငြင်းဆိုခဲ့ တာဘယ်သူလဲဆိုတာ ကြည့်ပေါ့။” လို့ ပြောပါတယ်။

 

Ref: Trump says he won’t debate Harris again

 

#PeopleMedia


Share this post