ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဟု တပ်ချုပ်ပြောကြား

PUBLISHED - October 7, 2023
နေပြည်တော်၊ အောက်တိုဘာ ၇
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နှစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်း ဆိုင်ရာများတွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်း ပိုင်ဆိုင်သော ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ကျွန်းပေါင်း များစွာရှိကာ သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့်အလမ်းများ များစွာရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မ တော်(ရေ)အပြင် ပင်လယ် ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့် တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟုယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံ များ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များကို အချိန်ယူလေ့လာဆောင်ရွက်ခဲ့ရကြောင်း ပြော သည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတမ်းတစ်လျှောက်နှင့် ပိုင်နက်ပင်လယ်ပြင်အတွင်း နယ်နိမိတ်၏ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးတာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ယခု တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်အရာရှိ၊ စစ် သည်များသည် မိမိတို့နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စတင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)မှ ရှိရင်းစွဲ လူသားအရင်းအမြစ်များ၊ ရေယာဉ်များဖြင့် စနစ်တကျစုဖွဲ့ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့မရှိသည့်အတွက် ပိုင်နက် ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့် ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင် ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေ စိုးမိုး ရေးကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန် ရှိမည်ဖြစ်ကြောင်း ပြောသည်။
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပေးအပ်ထား သည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်ထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ အရည်အသွေး ပြည့်ဝရန် လိုသကဲ့သို့ ရေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံရန်လည်းလိုအပ်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာ၌ ပြည်တွင်း၊ ပြည်ပမှ ချမှတ်ထားသည့် ရေကြောင်းဆိုင် ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိ နားလည်ထားမှသာလျင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ပိုမိုလွယ်ကူမည်ဖြစ် ပြီး နိုင်ငံတကာနှင့်လည်း တွင်တွင်ကျယ်ကျယ် ဆက်ဆံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့အဆင့်အလိုက် သိသင့်သိထိုက်သည့် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
#PeopleMedia