ကမၻာတဝွမ္း ကိုဗစ္-၁၉ ကူးစက္ခံရသူ သန္း ၂၀ ေက်ာ္ၿပီ

PUBLISHED - August 11, 2020
၂၀၂၀၊ ၾသဂုတ္ ၁၁
ကမၻာတဝွမ္း ကိုဗစ္-၁၉ ကူးစက္မႈေပါင္း သန္း ၂၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဗိုင္းရပ္စ္ ကူးစက္မႈမ်ား၏ ထက္ဝက္ ေက်ာ္မွာ အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယႏိုင္ငံတို႔တြင္ျဖစ္ေၾကာင္း ႐ိုက္တာသတင္းတစ္ရပ္အရ သိရသည္။
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါက ႏွစ္စဉ္ တုပ္ေကြးဖ်ားနာခံစားရေသာ လူအေရအတြက္ထက္ ပ်မ္းမွ် ေလးဆခန္႔ရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕အစည္းက ေျပာၾကားသည္။
ထို႔အျပင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသ ဆုံးသူဦးေရမွာ ၇၂၈၀၀၀ ေက်ာ္လာခဲ့ၿပီျဖစ္ရာ ႏွစ္စဥ္ တုပ္ေကြး ေရာဂါေၾကာင့္ ေသဆုံးသူဦးေရထက္ ပိုမ်ားေနသည္။
ဇန္နဝါရီလအေစာပိုင္းက တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈျဖစ္ ပြားၿပီးေနာက္ ကူးစက္ခံရသူ ၁၀ ျပည့္ေျမာက္ရန္ အခ်ိန္ေျခာက္လသာ ၾကာျမင့္ခဲ့သည္။
ထို႔အျပင္ ဗိုင္းရပ္စ္ကူးစက္လူနာ သန္း ၂၀ ျပည့္ရန္ အခ်ိန္ ၄၃ ရက္သာ ၾကာျမင့္ခဲ့ေၾကာင္း ႐ိုက္တာသတင္း ဌာနက ျပဳစုထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ဗိုင္းရပ္စ္ စစ္ေဆးမႈစြမ္းရည္နည္းပါးေသာ ကမၻာ့တိုင္းျပည္မ်ား၌ ကူးစက္မႈႏွင့္ေသဆုံးမႈ ျမင့္တက္လာႏိုင္ ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ၅ သန္းဝန္းက်င္၊ ဘရာဇီးႏိုင္ငံတြင္ ၃ သန္းႏွင့္ အိႏၵိယႏိုင္ငံတြင္ ၂ သန္းေက်ာ္ ျဖစ္ပြားေနၿပီး ႐ုရွားႏွင့္ ေတာင္အာဖရိကႏိုင္ငံတို႔က ကူးစက္မႈအမ်ားဆုံး ၁၀ ႏိုင္ငံတြင္ ပါဝင္သည္။
ကမၻာေပၚရွိ ဗိုင္းရပ္စ္ ကူးစက္မႈမ်ား၏ ၂၈ ရာခိုင္ႏႈန္းႏွင့္ ေသဆုံးမႈမ်ား၏ ၃၀ ရာခိုင္ႏႈန္းေက်ာ္ရွိေသာ ေတာင္အေမရိကတိုက္တြင္ အဆိုပါကပ္ေရာဂါ အျမန္ဆန္ဆုံး ကူးစက္မႈျဖစ္ပြားလ်က္ရွိသည္။
ကမၻာ့ႏိုင္ငံအခ်ိဳ႕က တင္းက်ပ္ေသာ က်န္းမာေရးအစီအမံမ်ား ျပန္လည္က်င့္သုံးေနခ်ိန္ တိုင္းျပည္အခ်ိဳ႕က ကန္႔သတ္ခ်က္မ်ား ေျဖေလွ်ာ့လ်က္ရွိသည္။
ကိုးကား ။ ။ ႐ိုက္တာ
Ref; Global coronavirus cases hit 20 million; US, Brazil and India account for more than 50 %
#PeopleMedia
(unicode)
ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၀ ကျော်ပြီ
………………………………………….
၂၀၂၀၊ ဩဂုတ် ၁၁
ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မှုပေါင်း သန်း ၂၀ ကျော်သွားပြီဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မှုများ၏ ထက်ဝက် ကျော်မှာ အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့တွင်ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါက နှစ်စဉ် တုပ်ကွေးဖျားနာခံစားရသော လူအရေအတွက်ထက် ပျမ်းမျှ လေးဆခန့်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောကြားသည်။
ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေ ဆုံးသူဦးရေမှာ ၇၂၈၀၀၀ ကျော်လာခဲ့ပြီဖြစ်ရာ နှစ်စဉ် တုပ်ကွေး ရောဂါကြောင့် သေဆုံးသူဦးရေထက် ပိုများနေသည်။
ဇန်နဝါရီလအစောပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ် ပွားပြီးနောက် ကူးစက်ခံရသူ ၁၀ ပြည့်မြောက်ရန် အချိန်ခြောက်လသာ ကြာမြင့်ခဲ့သည်။
ထို့အပြင် ဗိုင်းရပ်စ်ကူးစက်လူနာ သန်း ၂၀ ပြည့်ရန် အချိန် ၄၃ ရက်သာ ကြာမြင့်ခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ပြုစုထားသော အချက်အလက်များအရ သိရသည်။
ဗိုင်းရပ်စ် စစ်ဆေးမှုစွမ်းရည်နည်းပါးသော ကမ္ဘာ့တိုင်းပြည်များ၌ ကူးစက်မှုနှင့်သေဆုံးမှု မြင့်တက်လာနိုင် ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ၅ သန်းဝန်းကျင်၊ ဘရာဇီးနိုင်ငံတွင် ၃ သန်းနှင့် အိန္ဒိယနိုင်ငံတွင် ၂ သန်းကျော် ဖြစ်ပွားနေပြီး ရုရှားနှင့် တောင်အာဖရိကနိုင်ငံတို့က ကူးစက်မှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည်။
ကမ္ဘာပေါ်ရှိ ဗိုင်းရပ်စ် ကူးစက်မှုများ၏ ၂၈ ရာခိုင်နှုန်းနှင့် သေဆုံးမှုများ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသော တောင်အမေရိကတိုက်တွင် အဆိုပါကပ်ရောဂါ အမြန်ဆန်ဆုံး ကူးစက်မှုဖြစ်ပွားလျက်ရှိသည်။
ကမ္ဘာ့နိုင်ငံအချို့က တင်းကျပ်သော ကျန်းမာရေးအစီအမံများ ပြန်လည်ကျင့်သုံးနေချိန် တိုင်းပြည်အချို့က ကန့်သတ်ချက်များ ဖြေလျှော့လျက်ရှိသည်။
ကိုးကား ။ ။ ရိုက်တာ
Ref; Global coronavirus cases hit 20 million; US, Brazil and India account for more than 50 %
#PeopleMedia