ကမၻာပတ္လမ္းေၾကာင္းသို႔ သူလွ်ိဳၿဂိဳဟ္တုတစ္စင္း အစၥေရးႏိုင္ငံ လႊတ္ တင္
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2020/07/106372053_1467568880093093_4755326321284711133_n.jpg)
PUBLISHED - July 7, 2020
၂၀၂၀၊ ဇူလိုင္ ၆
အစၥေရးႏိုင္ငံသည္ ယေန႔နံနက္ပိုင္းက ၿဂိဳဟ္ပတ္လမ္းအတြင္း သူလွ်ိဳၿဂိဳဟ္တုတစ္လုံး လႊတ္တင္ခဲ့ေၾကာင္း ကာကြယ္ေရး ဝန္ႀကီးဌာႏွင့္ အစၥေရးအာကာသလုပ္ငန္း (IAI) တို႔က ပူးတြဲထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
ကာကြယ္ေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဆိုင္ရာ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးၫႊန္ၾကားမႈဦးစီးဌာန၊ အာကာသဌာနခြဲႏွင့္ အစၥေရးအာကာသလုပ္ငန္း (IAI) တို႔က အာကာသအတြင္း ေထာက္လွမ္းေရးၿဂိဳဟ္တု “Ofek 16” ကို ေအာင္ျမင္စြာ လႊတ္တင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
ေထာက္လွမ္းေရးၿဂိဳဟ္တုကို အစၥေရးႏိုင္ငံအလယ္ပိုင္းရွိ နယ္ေျမတစ္ခုမွ ယေန႔နံနက္ ၄ နာရီတြင္ လႊတ္တင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“Ofek 16” ဆိုသည္မွာ ေခတ္မီစြမ္းရည္မ်ားပါရွိသည့္ အဆင့္ျမင့္နည္းပညာသုံး သူလွ်ိဳၿဂိဳဟ္တုတစ္လုံးျဖစ္ေၾကာင္း၊ ၿဂိဳဟ္တု အျပည့္အဝမလည္ပတ္မီ အင္ဂ်င္နီယာမ်ားက စမ္းသပ္မႈမ်ားလုပ္ေဆာင္မည္ျဖစ္ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။
ယခုကဲ့သို႔ ေထာက္လွမ္းေရးၿဂိဳဟ္တုလႊတ္တင္ႏိုင္မႈက တိုင္းျပည္၏ ကာကြယ္ေရးလုပ္ငန္းမ်ားအတြက္ သာမန္ထက္ပိုေသာ ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္း အစၥေရး ကာကြယ္ေရးဝန္ႀကီး ဘန္နီဂန္႔ဇ္က ေျပာသည္။
“နည္းပညာသာလြန္မႈနဲ႔ ေထာက္လွမ္းေရးစြမ္းေဆာင္ရည္ေတြက အစၥေရးႏိုင္ငံရဲ႕ လုံၿခဳံေရးအတြက္ မရွိမျဖစ္အေရးႀကီးပါတယ္။ အခုဆိုရင္ အစၥေရးႏိုင္ငံက ကမၻာေပၚမွာ ၿဂိဳဟ္တုလႊတ္တ္ႏိုင္တဲ့ ၁၃ ခုေျမာက္ တိုင္းျပည္ျဖစ္လာပါၿပီ” ဟု ၄င္းကေျပာသည္။
ပထမဆုံးေသာ “Ofek” ၿဂိဳဟ္တုကို ၁၉၈၈ ခုႏွစ္တြင္ လႊတ္တင္ခဲ့သည္။ ယေန႔အခ်ိန္တြင္ ကမၻာပတ္လမ္းအတြင္း “Ofek 16” ၿဂိဳဟ္တုေျခာက္လုံးရွိေနၿပီျဖစ္သည္။
ကိုးကား ။ ။ ေဂ်အင္န္အက္စ္
Ref; Israel successfully launches new spy satellite into orbit
(unicode)
ကမ္ဘာပတ်လမ်းကြောင်းသို့ သူလျှိုဂြိုဟ်တုတစ်စင်း အစ္စရေးနိုင်ငံ လွှတ် တင်
……………………………………………………
၂၀၂၀၊ ဇူလိုင် ၆
အစ္စရေးနိုင်ငံသည် ယနေ့နံနက်ပိုင်းက ဂြိုဟ်ပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနှင့် အစ္စရေးအာကာသလုပ်ငန်း (IAI) တို့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးညွှန်ကြားမှုဦးစီးဌာန၊ အာကာသဌာနခွဲနှင့် အစ္စရေးအာကာသလုပ်ငန်း (IAI) တို့က အာကာသအတွင်း ထောက်လှမ်းရေးဂြိုဟ်တု “Ofek 16” ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထောက်လှမ်းရေးဂြိုဟ်တုကို အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ နယ်မြေတစ်ခုမှ ယနေ့နံနက် ၄ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“Ofek 16” ဆိုသည်မှာ ခေတ်မီစွမ်းရည်များပါရှိသည့် အဆင့်မြင့်နည်းပညာသုံး သူလျှိုဂြိုဟ်တုတစ်လုံးဖြစ်ကြောင်း၊ ဂြိုဟ်တု အပြည့်အဝမလည်ပတ်မီ အင်ဂျင်နီယာများက စမ်းသပ်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ယခုကဲ့သို့ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်နိုင်မှုက တိုင်းပြည်၏ ကာကွယ်ရေးလုပ်ငန်းများအတွက် သာမန်ထက်ပိုသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ပြောသည်။
“နည်းပညာသာလွန်မှုနဲ့ ထောက်လှမ်းရေးစွမ်းဆောင်ရည်တွေက အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အခုဆိုရင် အစ္စရေးနိုင်ငံက ကမ္ဘာပေါ်မှာ ဂြိုဟ်တုလွှတ်တ်နိုင်တဲ့ ၁၃ ခုမြောက် တိုင်းပြည်ဖြစ်လာပါပြီ” ဟု ၄င်းကပြောသည်။
ပထမဆုံးသော “Ofek” ဂြိုဟ်တုကို ၁၉၈၈ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာပတ်လမ်းအတွင်း “Ofek 16” ဂြိုဟ်တုခြောက်လုံးရှိနေပြီဖြစ်သည်။
ကိုးကား ။ ။ ဂျေအင်န်အက်စ်
Ref; Israel successfully launches new spy satellite into orbit