ကမၻာ့အႀကီးဆုံး ကိုဗစ္-၁၉ ေရာဂါ ကုသေရးစင္တာ နယူးေဒလီ၌ဖြင့္ လွစ္

PUBLISHED - July 6, 2020
ဇူလိုင္-၆
နယူးေဒလီ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး အေနးလ္ဘိုင္ဂ်ယ္လ္က ကမၻာေပၚတြင္ အႀကီးမားဆုံးျဖစ္ေသာ ခုတင္ ၁၀၀၀၀ ဆန္႔ ဆာဒါပါတယ္လ္ ကို႐ိုနာဗိုင္းရပ္စ္ ျပဳစုေစာင့္ေရွာက္ေရးစင္တာကို ယေန႔ ဖြင့္လွစ္ေပးလိုက္ၿပီျဖစ္ သည္။
အဆိုပါျပဳစုေစာင့္ေရွာက္ေရးစင္တာကို ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါမျပင္းထန္သူမ်ား၊ လကၡဏာမျပသူမ်ား ကုသ ေပးရန္ ခ်ဟာတာပူအရပ္၌ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။
ယင္းစင္တာကို ဗိုင္းရပ္စ္လကၡဏာမျပသူမ်ားအျပင္ ေနအိမ္၌ သီးသန္႔ခြဲေနရန္ မတတ္ႏိုင္သူမ်ားအတြက္ ကု သေရးဌာနတစ္ခုအျဖစ္ ေဆာင္ရြက္မည္ျဖစ္သည္။
ယခုစင္တာမွာ အလ်ား ေပ ၁၇၀၀၊ အနံေပ ၇၀၀ ရွိၿပီး အၾကမ္းဖ်င္း ေဘာလုံးကြင္း ၂၀ စာခန္႔ရွိကာ ခုတင္ ၁၀၀၀၀ ပါရွိျခင္းေၾကာင့္ ကမၻာေပၚတြင္ အႀကီးမားဆုံးကုသေရးစင္တာဟု အာဏာပိုင္မ်ားကေျပာသည္။
ေဒလီအစိုးရက ေဆး႐ုံ၏ စီမံခန္႔ခြဲမႈအပိုင္း တာဝန္ယူၿပီး အိႏၵိယ-တိဘက္နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ (ITBP) က ကုသေရးစင္တာလည္ပတ္ေရးအတြက္ တာဝန္ရွိေသာအဖြဲ႕အစည္းျဖစ္လာမည္ျဖစ္သည္။
ဘာသာေရးဂိုဏ္းတစ္ခုျဖစ္ေသာ Radha Saomi Beas မွ ေစတနာ႔ဝန္ထမ္းမ်ားက အဆိုပါကို႐ိုနာဗိုင္းရပ္စ္ ျပဳစုေစာင့္ေရွာက္ေရးစင္တာ လည္ပတ္ရာတြင္ အကူအညီေပးမည္ျဖစ္သည္။
ကိုးကား ။ ။ အိႏၵိယတူေဒး
Ref; Delhi LG inaugurates world’s ‘largest’ coronavirus care centre
#PeopleMedia
(unicode)
ကမ္ဘာ့အကြီးဆုံး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ နယူးဒေလီ၌ဖွင့် လှစ်
……………………………………………………
ဇူလိုင်-၆
နယူးဒေလီ ဒုတိယအုပ်ချုပ်ရေးမှူး အနေးလ်ဘိုင်ဂျယ်လ်က ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သော ခုတင် ၁၀၀၀၀ ဆန့် ဆာဒါပါတယ်လ် ကိုရိုနာဗိုင်းရပ်စ် ပြုစုစောင့်ရှောက်ရေးစင်တာကို ယနေ့ ဖွင့်လှစ်ပေးလိုက်ပြီဖြစ် သည်။
အဆိုပါပြုစုစောင့်ရှောက်ရေးစင်တာကို ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြင်းထန်သူများ၊ လက္ခဏာမပြသူများ ကုသ ပေးရန် ချဟာတာပူအရပ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယင်းစင်တာကို ဗိုင်းရပ်စ်လက္ခဏာမပြသူများအပြင် နေအိမ်၌ သီးသန့်ခွဲနေရန် မတတ်နိုင်သူများအတွက် ကု သရေးဌာနတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ယခုစင်တာမှာ အလျား ပေ ၁၇၀၀၊ အနံပေ ၇၀၀ ရှိပြီး အကြမ်းဖျင်း ဘောလုံးကွင်း ၂၀ စာခန့်ရှိကာ ခုတင် ၁၀၀၀၀ ပါရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကုသရေးစင်တာဟု အာဏာပိုင်များကပြောသည်။
ဒေလီအစိုးရက ဆေးရုံ၏ စီမံခန့်ခွဲမှုအပိုင်း တာဝန်ယူပြီး အိန္ဒိယ-တိဘက်နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ITBP) က ကုသရေးစင်တာလည်ပတ်ရေးအတွက် တာဝန်ရှိသောအဖွဲ့အစည်းဖြစ်လာမည်ဖြစ်သည်။
ဘာသာရေးဂိုဏ်းတစ်ခုဖြစ်သော Radha Saomi Beas မှ စေတနာ့ဝန်ထမ်းများက အဆိုပါကိုရိုနာဗိုင်းရပ်စ် ပြုစုစောင့်ရှောက်ရေးစင်တာ လည်ပတ်ရာတွင် အကူအညီပေးမည်ဖြစ်သည်။
ကိုးကား ။ ။ အိန္ဒိယတူဒေး
Ref; Delhi LG inaugurates world’s ‘largest’ coronavirus care centre
#PeopleMedia