ကမၻာ့ႏိုင္ငံမ်ား၏ ကာကြယ္ေရးအသုံးစရိတ္ ဆယ္စုႏွစ္အတြင္း သိသိသာသာ ျမင့္တက္လာခဲ့

PUBLISHED - February 15, 2020
MPI
ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၁၅
၂၀၁၉ ခုႏွစ္အတြင္း ကမၻာ့ႏိုင္ငံမ်ား၏ ကာကြယ္ေရးအသုံးစရိတ္မွာ ၂၀၁၈ ခုႏွစ္ကထက္ ၄ ရာခိုင္ႏႈန္း မ်ားျပားလာခဲ့ၿပီး ၿပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ပမာဏအမ်ားဆုံးျဖစ္ေၾကာင္း ၿဗိတိန္ အတိုင္ပင္ခံအဖြဲ႕တစ္ဖြဲ႕က ေျပာၾကားသည္။
ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕ေတာ္အေျခစိုက္ အျပည္ျပည္ဆိုင္ရာ မဟာဗ်ဴဟာေလ့လာေရးအဖြဲ႕ (IISS) သည္ ယမန္ေန႔က ႏွစ္စဉ္ ထုတ္ျပန္ေနက် “စစ္ေရးခ်ိန္ခြင္လွ်ာ” အစီရင္ခံစာကို ထုတ္ျပန္ခဲ့သည္။
အဆိုပါ အစီရင္ခံစာ က ကမၻာ့ႏိုင္ငံမ်ား၏ စစ္ေရးအင္အားႏွင့္ ေဒသတြင္းအေျခအေနမ်ားကို ခြဲျခမ္းစိတ္ျဖာသည္။
၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ ကာကြယ္ေရးအသုံးစရိတ္မွာ ၂၀၁၈ ခုႏွစ္ကထက္ ၆ ဒသမ ၆ ရာခိုင္ႏႈန္း မ်ားျပားလာခဲ့ၿပီး ကမၻာ့ႏိုင္ငံမ်ား၏ ပွ်မ္းမွ် စစ္ေရးအသုံးစရိတ္ကို ေက်ာ္လြန္သြားခဲ့သည္ဟု အစီရင္ခံ စာက ဆိုသည္။
အေမရိကန္ျပည္ေထာင္စု၏ ကာကြယ္ေရးအသုံးစရိတ္မွာ ေဒၚလာ ၅၃ ဒသမ ၄ ဘီလီယံ မ်ားျပားလာခဲ့ သည္ဟု အစီရင္ခံစာက ေဖာ္ျပသည္။ အေမရိကန္ျပည္ေထာင္စု၏ မ်ားျပားလာေသာ စစ္ေရးအသုံးစရိတ္က ၿဗိတိန္ႏိုင္ငံ၏ ကာကြယ္ေရးဘတ္ဂ်က္တစ္ခုလုံးနီးပါးထက္ ပိုမိုမ်ားျပားသည္။
တ႐ုတ္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္ တိုးတက္မႈမွာ ေႏွးေကြးၿပီး တိုင္းျပည္၏ စီးပြားေရးအေျခအေန ကို ထင္ဟပ္ေစေၾကာင္း အစီရင္ခံစာက ေျပာသည္။ အေမရိကန္ျပည္ေထာင္စုႏွင့္ ႐ုရွားႏိုင္ငံၾကား တာလတ္ ႏ်ဴကလီးယားတပ္ဖြဲ႕စာခ်ဳပ္ (INF) မွာ ၿပီးခဲ့သည့္ႏွစ္က သက္တမ္းကုန္ဆုံးခဲ့သည္ဟု အစီရင္ခံစာက ေထာက္ျပ သည္။
လာမည့္ႏွစ္တြင္ သက္တမ္းကုန္ဆုံးေတာ့မည့္ မဟာဗ်ဴဟာေျမာက္ လက္နက္ႀကီးမ်ားေလ်ာ့ခ်ေရးစာ ခ်ဳပ္ (New START) သက္တမ္းတိုး မတိုးမွာ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္းလည္း အစီရင္ခံစာကဆို သည္။
#peoplemedia #MPI #MyitphyarIrra #InternationalNews
Ref; Study: Defense spending rise biggest in decade
(unicode)
ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် ဆယ်စုနှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့
……………………………………………………………………………..
MPI
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၁၈ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း များပြားလာခဲ့ပြီး ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ပမာဏအများဆုံးဖြစ်ကြောင်း ဗြိတိန် အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့က ပြောကြားသည်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) သည် ယမန်နေ့က နှစ်စဉ် ထုတ်ပြန်နေကျ “စစ်ရေးချိန်ခွင်လျှာ” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ က ကမ္ဘာ့နိုင်ငံများ၏ စစ်ရေးအင်အားနှင့် ဒေသတွင်းအခြေအနေများကို ခွဲခြမ်းစိတ်ဖြာသည်။
၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၁၈ ခုနှစ်ကထက် ၆ ဒသမ ၆ ရာခိုင်နှုန်း များပြားလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများ၏ ပျှမ်းမျှ စစ်ရေးအသုံးစရိတ်ကို ကျော်လွန်သွားခဲ့သည်ဟု အစီရင်ခံ စာက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးအသုံးစရိတ်မှာ ဒေါ်လာ ၅၃ ဒသမ ၄ ဘီလီယံ များပြားလာခဲ့ သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု၏ များပြားလာသော စစ်ရေးအသုံးစရိတ်က ဗြိတိန်နိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်တစ်ခုလုံးနီးပါးထက် ပိုမိုများပြားသည်။
တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် တိုးတက်မှုမှာ နှေးကွေးပြီး တိုင်းပြည်၏ စီးပွားရေးအခြေအနေ ကို ထင်ဟပ်စေကြောင်း အစီရင်ခံစာက ပြောသည်။ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံကြား တာလတ် နျူကလီးယားတပ်ဖွဲ့စာချုပ် (INF) မှာ ပြီးခဲ့သည့်နှစ်က သက်တမ်းကုန်ဆုံးခဲ့သည်ဟု အစီရင်ခံစာက ထောက်ပြ သည်။
လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးတော့မည့် မဟာဗျူဟာမြောက် လက်နက်ကြီးများလျော့ချရေးစာ ချုပ် (New START) သက်တမ်းတိုး မတိုးမှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း အစီရင်ခံစာကဆို သည်။
#peoplemedia #MPI #MyitphyarIrra #InternationalNews
Ref; Study: Defense spending rise biggest in decade