• Follow Us on
Latest News

Home ကမ္ဘာနှင့် မြန်မာကို စိန်ခေါ်နေသည့် ကပ်ရောဂါအား ဆန့်ကျင်ကျော်လွှားနိုင်ရေး တစ်နိုင်ငံလုံး ဝိုင်းဝန်းဆု တောင်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်

ကမ္ဘာနှင့် မြန်မာကို စိန်ခေါ်နေသည့် ကပ်ရောဂါအား ဆန့်ကျင်ကျော်လွှားနိုင်ရေး တစ်နိုင်ငံလုံး ဝိုင်းဝန်းဆု တောင်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်

Share this post

ရန်ကုန်၊ သြဂုတ် ၃ (People Media)

 

ကမ္ဘာနှင့် မြန်မာကိုစိန်ခေါ်နေသည့် ကပ်ရောဂါအား ဆန့်ကျင်ကျော်လွှားနိုင်ရေး တစ်နိုင်ငံလုံးဝိုင်းဝန်းဆု တောင်းပေးကြရန် မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ နှိုးဆော်ချက်ထုတ်ပြန် လိုက်သည်။

 

ကျွန်ုပ်တို့ လူသားများ၏ ဂုဏ်သိက္ခာနှင့် ရှင်သန်ရပ်တည်မှုကို ကြီးစွာခြိမ်းခြောက်နေသည့် အချိန်ကာလလည်း ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားခြင်း၊ စစ်ဘေးရှောင်ရခြင်းတို့အစား စည်းလုံးမှု အထူးလိုအပ်နေကြောင်း ထပ်မံ သတိပေးပါရစေဟု နှိုးဆော်ထားသည်။

 

ကျွန်ုပ်တို့သည် နိုင်ငံရေးသမားများမဟုတ်ကြသော်လည်း နိုင်ငံသားများ ကောင်းကျိုးကို အစဉ်ရှေးရှုလျက် ရှိကြောင်း၊ ထာဝရဘုရားသခင် ကုသကယ်တင်တော်မူပါမည့်အကြောင်း လှိုက်လှိုက်လှဲလှဲပါဝင်ဆုတောင်း ကြပါရန် မေတ္တာရပ်ခံကြောင်း၊ ယုံကြည်ကိုးစားရာ မခွဲခြားဘဲ အွန်လိုင်းတွင် အတူတကွ ပါဝင်ဆုတောင်းကြ ပါရန်နှင့် အပြန်အလှန်ဆုတောင်းပေးခြင်းဖြင့် အတူတကွရိုင်းပင်းကြပါရန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ နှိုးဆော်စာ ထုတ်ပြန်ထားသည်။

 

ကက်သလစ်ဘာသာဝင် မိသားစုများ၊ ဘုရားကျောင်းများတွင် ဆုတောင်းခြင်း၊ ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ဖူး မျှော်ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ကြရန် နှိုးဆော်ကြောင်း၊ မာကျောနေသော နှလုံးသားများမှ ကုသခြင်း၊ ကျေအေးသင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်းများ ပေါ်ထွက်လာစေမည့်အကြောင်း ဘုရားရှင်ထံ အသနားခံကြပါစို့လို့ နှိုးဆော်ထားသည်။

 

#PeopleMedia #ဘာသာရေး #COVID19

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post