• Follow Us on
Latest News

Home ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ပြီးနောက် စစ်သွေးကြွများက မြို့ကို စွန့်ခွါခဲ့ရကြောင်း ဝန်ခံ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ပြီးနောက် စစ်သွေးကြွများက မြို့ကို စွန့်ခွါခဲ့ရကြောင်း ဝန်ခံ

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ဇွန်လ လကုန်ပိုင်းတွင် တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်ပြီးနောက် စစ်သွေးကြွများက မြို့ကို စွန့်ခွါခဲ့ရကြောင်း ဝန်ခံထားသည်။

 

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းစစ်သွေးကြွတွေက (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ်အပါအဝင် လွိုင်ကော်မြို့၏ ထက်ဝက်ခန့်ကို ထိန်းချုပ်နိုင်ခဲ့သည်။

 

ယင်းသို့ လွိုင်ကော်မြို့၏ ထက်ဝက်ခန့်ကို (၇)လခန့် ထိန်းချုပ်ထားတဲ့ ကရင်နီပူးပေါင်းစစ်သွေးကြွအဖွဲ့တွေကို (၂၀၂၄)ခုနှစ် ဇွန်လအတွင်းမှာ တပ်မတော်နဲ့ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

 

တပ်မတော်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်များ၏ ထိုးစစ်ကြောင့် ကရင်နီပူးပေါင်းစစ်သွေးကြွအဖွဲ့တွေ မြို့ကနေ စွန့်ခွါခဲ့ရကြောင်း ယင်းအဖွဲ့များက ဝန်ခံထားသည်။

 

ယင်းနောက်တွင် တပ်မတော်အနေနဲ့ လွိုင်ကော်မြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီးနောက် ဒေသခံပြည်သူ တွေ ပြန်လည်နေထိုင်နိုင်ကြရန် ရေ၊ မီးအပါအဝင် ပြန်လည်ထူထောင်ရေးတွေ ပြန်လည်လုပ်ဆောင်ပေးနေပြီး ဒေသခံများလည်း ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post