ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ပျက်ကျပျောက်ဆုံးနေတဲ့ F-35 ဂျက်တိုက်လေယာဉ် ပြန်လည်ရှာဖွေတွေ့ရှိဖို့ ဒေသခံတွေကို အမေရိကန်စစ်တပ် အကူအညီတောင်းထား

PUBLISHED - September 18, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
တနင်္ဂနွေနေ့က ပျက်ကျပျောက်ဆုံးနေတဲ့ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ပြန်လည်ရှာဖွေရာမှာ ကူညီ ရှာဖွေပေးဖို့ အမေရိကန်စစ်တပ်က ကယ်လီဖိုးနီးယားတောင်ပိုင်းက ဒေသခံတွေကို အကူအညီတောင်းခံထားပါ တယ်။
အမေရိကန်မရိန်းတပ်က F-35 ဂျက်တိုက်လေယာဉ်တစ်စင်းဟာ တနင်္ဂနွေနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ပျက်ကျခဲ့ရာ လေသူရဲဘေးကင်းလုံခြုံစွာခုန်ထွက်နိုင်ခဲ့ပေမဲ့ ဂျက် တိုက်လေယာဉ်က ပျောက်ဆုံးနေတာဖြစ်ပါတယ်။
လေသူရဲဟာ ဘေးကင်းလုံခြုံစွာခုန်ထွက်ခဲ့ပြီး မြောက်ပိုင်း ချာစတန်မြို့အနီးမှာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ လေထီးနဲ့ ဆင်းသက်နိုင်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်က ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ဟာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ပျောက်ဆုံးနေတဲ့ အဲဒီလေယာဉ်ကို စတင်ရှာဖွေခဲ့ပါတယ်။
“F-35 ဂျက်တိုက်လေယာဉ်ရှာဖွေရာမှာ ကျွန်တော်တို့ ရှာဖွေရေးအဖွဲ့အတွက် အထောက်အကူဖြစ်နိုင်မယ့် ဘယ်လိုသတင်းမျိုးကိုမဆို ရရှိခဲ့တယ်ဆိုရင် အခြေချကာကွယ်ရေးစစ်ဆင်ရေးစင်တာကို ကျေးဇူးပြုပြီး အ ကြောင်းကြားစေချင်ပါတယ်။” လို့ ချာစတန်ပူးတွဲစစ်အခြေစိုက်စခန်းက X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တစ်ခုတင် ထားပါတယ်။
“ဂျက်တိုက်လေယာဉ်ရဲ့နောက်ဆုံးတပ်တည်ရယ်၊ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) နဲ့ ပေါင်းစပ် ညှိနှိုင်းမှုအရရယ် အခြေခံပြီး ကျွန်တော်တို့ ချာစတန်ပူးတွဲစစ်အခြေစိုက်စခန်းအနေနဲ့ အဓိကအာရုံစိုက်မိတဲ့နေ ရာတွေကတော့ မိုးထရီကန်ကြီး (Lake Moultrie) နဲ့ မာရီဆန်ကန်ကြီး (Lake Marion) တစ်ဝိုက်ကို အာရုံစိုက် မိပါတယ်။” လို့ ပို့စ်မှာ ဖော်ပြထားပါတယ်။
လော့ဟိမာတင်ကုမ္ပဏီထုတ် F-35B Lightning II ဂျက်တိုက်လေယာဉ်ဟာ ဘောက်ဖတ် (Beaufort) မြို့မှာရှိ တဲ့ မရိန်းတပ်ဖွဲ့လေတပ်စခန်းကနေ စတင်ပျံသန်းလာတာဖြစ်ပါတယ်။
အဲဒီဂျက်တိုက်လေယာဉ်ဟာ အမှတ် ၂ မရိန်းလေတပ်အုပ်စုနဲ့ တွဲဖက်ထားတဲ့ မရိန်းဂျက်တိုက်လေယာဉ် တိုက် ခိုက်ရေးလေ့ကျင့်ရေးအုပ်စုက ဂျက်တိုက်လေယာဉ်တစ်စင်းလို့ ဆိုပါတယ်။
လေယာဉ် ဘာ့ကြောင့်ပျက်ကျသွားတယ်ဆိုတာ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ သတင်းအပြည့်အစုံကို နောက်ပိုင်းကျမှ ထုတ်ပြန်မယ်လို့ ပြောပါတယ်။
အဲဒီဂျက်တိုက်လေယာဉ်ရှာဖွေဖို့အတွက် ဒေသခံတွေကိုအကူအညီတောင်းထားတဲ့ပို့စ်တွေကို အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေပေါ်မှာ အမေရိကန်စစ်ဘက်အရာရှိတွေက တင်ထားကြပါတယ်။
Ref: US military asks for help finding its multimillion-dollar stealth fighter jet
#PeopleMedia