ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်တန်း၏ စေတီတော်တစ်ဆူ ဌာပနာ ဖောက်ထွင်းခံရ
PUBLISHED - December 1, 2021
ဘားအံ၊ ဒီဇင်ဘာ ၁ (People Media)
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တန်းရှိ စေတီတော်တစ်ဆူ၏ ဌာပနာအား ယမန်နေ့ညက ဖောက်ထွင်းခြင်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဖောက်ထွင်းခံရသည့် စေတီတော်သည် ဇွဲကပင်တောင်တန်းပေါ်တွင် တည်ရှိပြီး တည်ထားကိုးကွယ်မှု ကြာမြင့်သော စေတီတော်တစ်ဆူဖြစ်ကြောင်း ဘုရားဖူးများ မကြာခဏ လာရောက်သည့် စေတီတော်ဖြစ် ကြောင်း သိရပါတယ်။
“မနေ့က ညက အဖောက်ခံရတာ။ ဌာပနာဆိုတော့ အထဲမှာ ဘယ်လောက်ထည့်ထားတယ်ဆိုတာ အတိ အကျမသိရဘူး၊ ဒီမနက်မှာပဲ သက်ဆိုင်ရာနဲ့ ဘုရားလူကြီးတွေ ဘုန်းတော်ကြီးတွေက လာရောက်ပြီးတော့ ပြုပြင်မှုကို ပြုလုပ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်တောင်တန်းတွင် ယခင်က ဘုရားဌာပနာများဖောက်ထွင်းမှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခုတွင် ပထမဆုံးအကြိမ် ဘုရားဌာပနာဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ဒေသ ခံများထံမှ သိရပါတယ်။
#PeopleMedia #ဘားအံ #စေတီတော်ဖောက်ထွင်းခံရ
(unicode)
……………………………………………………