ကရင်နှင့် ပဲခူးတိုင်းအတွင်းရှိ ဒေသခံများအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့်တစ်ရက်လျှင် မိနစ် ၁၀၀ နှင့် စာတိုပေး ပို့ခွင့် အစောင် ၁၀၀ ကို MPT ထပ်မံပေးအပ်
PUBLISHED - September 20, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၀
သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့် တစ်ရက်လျှင် မိနစ် ၁၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၁၀၀ ကို စက်တင်ဘာလ ၁၈ ရက် မှ ၂၆ ရက်အထိ သုံးစွဲနိုင်ရန် ထပ်မံ ဖြည့်ဆည်းပေးပြီး ဖြစ်ကြောင်း MPTမှ ထုတ်ပြန်ထားသည်။
MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိပြီး၊ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ကြောင်း ထုတ်ပြန်ထားသည်။
သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို (၇)ရက်အတွင်း အသုံးပြုခွင့်ပေးခဲ့သေးသည်။
#PeopleMedia