• Follow Us on

Home ကရစ်ဘီယန်ပင်လယ်ထဲက စစ်ရေးလေ့ကျင့်မှုမစတင်မီ ရုရှားစစ်သင်္ဘောတွေ ကျူးဘားကိုရောက်ရှိလာ

ကရစ်ဘီယန်ပင်လယ်ထဲက စစ်ရေးလေ့ကျင့်မှုမစတင်မီ ရုရှားစစ်သင်္ဘောတွေ ကျူးဘားကိုရောက်ရှိလာ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၄

 

ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုနဲ့ ရုရှား ဆက်ဆံရေးတင်းမာနေချိန် ကြိုတင်စီစဉ်ထားတဲ့ ကရစ်ဘီယန် ပင်လယ်ထဲက စစ်ရေးလေ့ကျင့်မှုမပြုလုပ်ခင် ရုရှားစစ်သင်္ဘောအုပ်စုဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်နေ့) က ကျူးဘားနိုင်ငံကို ရောက်ရှိလာပါတယ်။

 

ဖရီးဂိတ်စစ်သင်္ဘောတစ်စီး၊ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီး၊ ဆီတင်သင်္ဘောတစ်စီးနဲ့ ကယ် ဆယ်ရေးသင်္ဘောတစ်စီးပါဝင်တဲ့ ရုရှားစစ်သင်္ဘောတွေဟာ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ စစ်ရေးလေ့ကျင့်ပြီး နောက် ဟားဗနားပင်လယ်အော်ကို ဖြတ်သန်းပြီး ကျူးဘားကို ရောက်ရှိလာတာဖြစ်ပါတယ်။

 

ရုရှားအလံနဲ့ ကျူးဘားအလံတပ်ထားတဲ့ ဖရီးဂိတ်သင်္ဘောကို အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး ကြိုဆိုခဲ့ပါ တယ်။ ရုရှားစစ်သင်္ဘောတွေဟာ နွေရာသီတစ်လျှောက်လုံး ဒေသတွင်းမှာ ဆက်လက်တည်ရှိနေနိုင်သေးပြီး ဗန်နီဇွဲ လားကိုလည်း ဝင်ရောက်နိုင်ကြောင်း အမေရိကန်အရာရှိတွေက ခန့်မှန်းထားပါတယ်။

 

ဗန်နီဇွဲလား၊ ကျူးဘားနိုင်ငံတို့နဲ့ ကာလရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံက စစ်သင်္ဘောတွေဟာ ကရစ်ဘီယန် ပင်လယ်ထဲကို အခါအားလျော်စွာ ရောက်လာလေ့ရှိပါတယ်။

 

ဒါပေမဲ့ အခုခရီးစဉ်ကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ၎င်းတို့ထောက်ပံ့ထားတဲ့ လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်ကြောင်း ယူကရိန်းကို ခွင့်ပြုလိုက်ပြီးနောက် ထွက်ပေါ် လာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

 

“ရန်သူ့နိုင်ငံတစ်နိုင်ငံက ကိုယ့်အနီးအနားမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံကို ရောက်ရှိလာချိန်မှာ အဲဒီရန်သူနိုင်ငံက ကိုယ့်ကိုမကျေနပ်ဘူးဆိုတာကို အဲဒီစစ်သင်္ဘောတွေက အမေရိကန်အစိုးရကို သတိပေးနေတာပဲဖြစ်ပါတယ်။” လို့ ဝါရှင်တန်အခြေစိုက် ဝီလ်ဆင်စင်တာပညာရှင်အဖွဲ့က လက်တင်အမေရိကစီမံကိန်း ဒါရိုက်တာ ဘင်ဂျမင် ဂက်ဒန်က ပြောပါတယ်။

 

“ဒါ့အပြင် အမေရိကန်ကို ရန်လိုနေတဲ့ ကျူးဘား၊ ဗင်နီဇွဲလားအပါအဝင် ဒေသတွင်းက ရုရှားရဲ့မိတ်ဆွေနိုင်ငံ တွေကိုလည်း ရုရှားအစိုးရဟာ ၎င်းတို့ဘက်မှာရှိနေကြောင်း သတိပေးပြသလိုက်တာပဲဖြစ်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

ရုရှားသင်္ဘောတွေထဲမှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီးပါဝင်ပေမဲ့ ဘယ်သင်္ဘောမှ နျူကလီး ယားလက်နက်တွေ သယ်ဆောင်လာတာမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်းသိရှိထား ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။

 

စစ်ရေးလေ့ကျင့်ဖို့ ရောက်လာတဲ့ ရုရှားစစ်သင်္ဘောတွေဟာ အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်တာတော့ မရှိ ကြောင်း အဆိုပါအရာရှိက ပြောပါတယ်။

 

Ref: Russian warships reach Cuban waters ahead of military exercises in the Caribbean

 

#PeopleMedia


Share this post