• Follow Us on
Latest News

Home ကလေးငယ်တွေအတွက် ဒေါ်လာ ၄.၄ ဘီလျံကုန်ကျမည့် အဟာရကျွေးမွေးရေးအစီအစဉ် အင်ဒိုနီးရှား စတင်ဆောက်ရွက်

ကလေးငယ်တွေအတွက် ဒေါ်လာ ၄.၄ ဘီလျံကုန်ကျမည့် အဟာရကျွေးမွေးရေးအစီအစဉ် အင်ဒိုနီးရှား စတင်ဆောက်ရွက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

 

ကလေးသူငယ်အဟာရမပြည့်ဝမှုကို တိုက်ဖျက်ပြီး စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် ဒေါ်လာ ၄.၄ ဘီလျံကုန် ကျမယ့် အခမဲ့အစားအသောက်ကျွေးမွေးရေးအစီအစဉ်ကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို့က စတင်ဆောင် ရွက်လိုက်ပေမဲ့ ဒီအစီအစဉ်ရဲ့ကျယ်ပြန့်မှုအတိုင်းအတာက နိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ လော်ဂျစ်စတစ်ကို ထိခိုက်စေနိုင်တယ် လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

တနင်္လာနေ့ (ဇန်နဝါရီ ၆ ရက်နေ့) က တရားဝင်စတင်လိုက်တဲ့ ဒီအစီအစဉ်ဟာ ကျောင်းသားတွေအတွက် အဟာရပြည့် ဝတဲ့ အစားအသောက်တွေ ထောက်ပံ့သွားဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီအစဉ်အစဉ်ကို လသားအရွယ်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားဖွားမိခင်တွေအတွက်ပါ တိုးချဲ့ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

 

အစီအစဉ်ရဲ့ရေရှည်ရည်ရွယ်ချက်ထဲမှာ တိုးတက်မှုနှေးကွေးနေသူတွေ အရည်အတွကို သိသိသာသာလျှော့ချ သွားဖို့နဲ့ အရှေ့တောင်အာရှရဲ့အကြီးမားဆုံးနိုင်ငံရဲ့ လုပ်သားအင်အားကို မြှင့်တင်သွားဖို့ ရည်ရွယ်ထားပေမဲ့ ကုန်ကျစရိတ်များ ပြားမယ့် အစီအစဉ်ဖြစ်ပါတယ်။

 

အခုနှစ်မှာစတင်တဲ့ ဒီအစီအစဉ်အတွက် အစိုးရက အင်ဒိုငွေ ၇၁ ထရီလီယန် (ဒေါ်လာ ၄.၄ ဘီလျံ) လျာထားပေမဲ့ ၂၀၂၉ ခုနှစ်မတိုင်ခင် ရည်မှန်းချက်ချမှတ်ထားတဲ့ လူဦးရေ ၈၂.၉ သန်းကို အဟာရပြည့်မီအောင် ကျွေးမွေးမယ်ဆိုရင် နှစ်စဉ် ဒေါ်လာ ၂၄ ဘီလျံကျော် ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံမှာဆောင်ရွက်နေတဲ့ ကမ္ဘာ့အကြီးဆုံး နေ့လယ်စာကျွေးမွေးရေးအစီအစဉ်မှာဆိုရင် နိုင်ငံတစ်ဝန်းက စာ သင်ကျောင်းပေါင်း ၁.၂၇ သန်းကျော်မှာရှိတဲ့ ကလေး သန်း ၁၂၀ ကျွေးမွေးရာမှာမှာ ဒေါ်လာ ၁.၅ ဘီလျံ ကုန်ကျတာ ဖြစ်ပါတယ်။

 

ဒီအစီအစဉ်ကြောင့် စီးပွားရေးမြှင့်တင်နိုင်သလို လယ်သမားတွေနဲ့ စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုလည်း ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ပရာဘိုဝိုအစိုးရက အကောင်းမြင်ထားပါတယ်။

 

“ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေအရ သိရတာကတော့ အဟာရပြည့်ဝတဲ့အစားအသောက် အခမဲ့ ထောက်ပံ့ရေးအစီအစဉ်က စီးပွားရေးကို ဝ.၈၉ ရာခိုင်နှုန်း တိုးတက်စေနိုင်တယ်ဆိုတာပါပဲ။ ဒီအစီအစဉ်မှာပါဝင်တဲ့ အစားအသောက်ထဲ ထည့်ဝင်ရမယ့်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေက တင်သွင်း ခွင့်မပြုတဲ့အတွက် ပြည်တွင်းစီးပွား ရေးကိုလည်း အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ အင်ဒိုနီးရှားသမဝါယမဝန်ကြီးဌာနဝန်ကြီး ဘူဒီအေရီးဆီတီ ယာဒီက တနင်္လာနေ့က ပြောပါတယ်။

 

အစီအစဉ်စတင်တဲ့နေ့မှာ တာဝန်ပေးထားတဲ့ ကုမ္ပဏီတွေက လည်ပတ်ဆောင်ရွက်နေတဲ့ မီးဖိုခန်း ၁၉၀ က ၂၆ ပြည်နယ်မှာရှိတဲ့ ကျောင်းသား ၅၇၀,၀၀၀ ဦးကို ထမင်း/ဟင်း တွေချက်ပြုတ်ကျွေးမွေးနိုင်ခဲ့ပါတယ်။

 

ဂျာကာတာမှာတော့ ထမင်း၊ ကြက်သားဟင်း၊ ပဲစိမ်းကြော်၊ တိုဖူးနဲ့ လိမ်မော်သီးတို့ပါဝင်တဲ့ အင်ဒိုငွေ ၁၀၀၀၀ တန် အ ဟာရကို ပုံစံခွက်စတီးပန်းကန်နဲ့ ကျွေးမွေးခဲ့ရာမှာ ကနဦးအစီအစဉ်အရ အင်ဒိုငွေ ၁၅၀၀၀ တန်ကျွေးမွေးဖို့ဖြစ်ပေမဲ့ ဘတ်ဂျက်အခြေအနေအရ အင်ဒိုငွေ ၁၀၀၀၀ တန်ကိုပဲ ကျွေးမွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Indonesia’s US$4 billion free meal scheme: feeding dreams or fuelling debt?

 

#PeopleMedia


Share this post