• Follow Us on
Latest News

Home ကလေးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား PDF များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

ကလေးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား PDF များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေး တက္ကသိုလ်သို့ ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၁၃၀ ဦးခန့်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပ ဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီး ထားရှိကြောင်း  တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သွားရောက်ကယ်ဆယ်စဉ် PDF အကြမ်းဖက်သမားများနှင့်  အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္က သိုလ်၏ အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင် ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းစုစု ပေါင်း(၂၈၅)ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက် သမားများအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(စိစစ်ဆဲ) တို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ PDFအမည်ခံအကြမ်းဖက်သမားများထံမှ အလောင်းအချို့၊ လက် နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့်  ရုံးဝန် ထမ်းကို အကာအကွယ်ရယူ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်း သည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။

 

အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ကျန်ရှိ သည့် အင်အား(စိစစ်ဆဲ)ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်း သူများအား  ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post