ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား PDF က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်း ၂၀ မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်
PUBLISHED - February 28, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
PDF အမည်ခံအကြမ်းဖက်သမား ၁၃၀ ဦးခန့်သည် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ် အတွင်းသို့ တောင်ဘက်မှ ဝင်ရောက်၍ ပညာသင်ကြားပြ သနေသော ဆရာ၊ ဆရာမများ၊ တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အကြမ်းဖက် လုပ်ဆောင်မှုသည် နိုင်ငံတော်တည်ဆောက် ရေးတွင် အလွန်အရေးပါသည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးတို့အပေါ် များစွာ ထိခိုက်စေပြီး အမှား၊ အမှန်၊ အဆိုးအကောင်း ဝေဖန်ပိုင်းခြားတတ်အောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမ များနှင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည် ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မ ပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင် ဂျာမေဗလီနှင့် ဘူးသီးတောင် မောင်တောဒေသ ဖွံ့ဖြိုးရေး အသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘော ထားများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
#PeopleMedia