• Follow Us on
Latest News

Home ကလေးမြို့တွင် ငွေကျပ်သိန်း (၇၇၀၀) တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ကျူးလွန်သူ (၄) ဦး ဖမ်းဆီးရမိ

ကလေးမြို့တွင် ငွေကျပ်သိန်း (၇၇၀၀) တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ကျူးလွန်သူ (၄) ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ နေအိမ်ထဲတွင် လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ရှာဖွေရာတွင် ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အမျိုးသား(၂) ဦးနှင့်အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် လပိုင်းက လုံခြုံရေးတပ်ဖွဲ့မှ ကလေးမြို့ရှိ လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ်လျန်၏နေအိမ်အတွင်းသို့ သတင်းအရသွားရောက်ရှာဖွေရာတွင် ၎င်းနေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့်အတူ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး(၂) ဦးတို့ကို ဖမ်းဆီးရရှိကြောင်း သိရသည်။

 

ထိုဖမ်းဆီးရမိသူများမှာ ဒိုကိပ်လျန်၊ ပေါင်ရှင်းလာလ်၊ မဒိမ်းရှင်ဟွဲ့ နှင့် မကျိန်ရှင်းဟွဲ့ တို့ကို ဖမ်းဆီးရမိကြောင်း၊ ထိုဘိန်းဖြူများမှာ ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ (၄) ဦးကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post