• Follow Us on
Latest News

Home ကလေးမြို့တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

ကလေးမြို့တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ  ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းအနီးတွင် သိန်းဇော် မောင်းနှင်ပြီး မန့်ရှင်းတွောင် လိုက်ပါလာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၇၅ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia


Share this post