• Follow Us on

Home ကလေးမြို့တွင် LANDCRUISER ယာဉ်ပေါ်မှ သိန်း ၃၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကလေးမြို့တွင် LANDCRUISER ယာဉ်ပေါ်မှ သိန်း ၃၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

ကလေးမြို့တွင် LANDCRUISER ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ စိန့်ဂျွန်းလမ်းတွင် ထန်သင်လွယ်(ခ)အားလွယ် မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထန်သင်လွယ်(ခ)အားလွယ်(၃၃)နှစ်အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post