ကလေးမြို့တွင် PDF တစ်ဦး အရှင်ဖမ်းဆီးရမိ

PUBLISHED - July 31, 2023
နေပြည်တော်၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြေ့အောင်ရပ်ကွက်အတွင်း PDF အရှင်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက် နေ့လည် ၂:၃၀ အချိန်တွင် ချမ်းမြေ့အောင်ရပ်ကွက်တွင် နေသည့် ညီမင်းထွန်း(ခ)သား ငယ်မှာ ထိုရပ်ကွက်ထဲသို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၎င်းကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးရာ ၎င်း၏ဖုန်းထဲ၌ M4 မောင်းပြန်သေနတ်ဖြင့် ကိုင်ဆောင်ပြီး ရိုက်ကူးထားသည့် ပုံများ၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊ ဝါဒဖြန့်သွေးထိုးလှုံ့ဆော်ခြင်းနှင့် ၎င်းမှာ PDF သင်တန်းများကို တတ်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ မကြာသေးမီရက်ပိုင်းကလည်း ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ပဲဝိုင်းစစ်ဆေး ရေးဂိတ် “ချယ်ရီရတနာ” ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာသည့် CDM ကျောင်းဆရာမတစ်ဦး၏ ဖုန်းအား စစ် ဆေးရာ PDF များနှင့်သက်ဆိုင်သည့် အချက်အလက်များ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Photo – Credit
#PeopleMedia