• Follow Us on
Latest News

Home ကလေးမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ ကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကလေးမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ ကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးတွင် မန္တလေးမှ ကလေးမြို့သို့ ဧရာထွန်း (ခ)ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာသော မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ် ပေါ်တွင် ကုန်ပစ္စည်းများနှင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံ တန်ဖိုးရှိ ဆပ်ပြာခွက်(၃၃၀၀)ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန် အဆိုပါ မူးယစ်ဆေးဝါး များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်း ဆီးရမိခဲ့ကြောင်း၊ သိရသည်။

 

စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post