• Follow Us on
Latest News

Home ကလေးမြို့နယ်တွင် PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ကလေးမြို့နယ်တွင် PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်က PDF များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ဦးဆွမ်ခန်းမုန် ၅၅ နှစ်သည် ၎င်းနေထိုင်သည့် နေ အိမ်ခြံဝင်းရှေ့ရှိ ခြုံနွယ်များအား ရှင်းလင်းနေစဉ် PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ပေါက်ကွဲခဲ့မှုကြောင့် ဦးဆွမ်ခန်းမုန်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post