ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာရှိ ဆေးရုံ၌ ဌာနချုပ်ဖွင့်ထားသော စစ်သွေးကြွများကို လေကြောင်းဖြင့် ရှင်းလင်း၊ စစ်သွေးကြွများ သေဆုံးမှုများနေ

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာရှိ ဆေးရုံ၌ ဌာနချုပ် ဖွင့်ထားသော စစ်သွေးကြွများကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာ စစ်သွေးကြွ အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၂)ရက်နှင့် (၁၃)ရက်တွင် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာရှိ စစ်သွေးကြွ ဌာနချုပ်ကို တပ်မတော်မှ နှစ်ရက်ဆက် လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် နှစ်ရက်ဆက် ရှင်းလင်းမှုကြောင့် နတ်ချောင်းကျေးရွာရှိ စစ်သွေးကြွ အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။
#PeopleMedia