• Follow Us on

Home ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် သိန်း ၅၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် သိန်း ၅၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ကျပ်သိန်း ၅၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အောက်တိုဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ဆာကူရာလမ်းတွင် သူရထက်အောင်(ခ)ကိုသူ မောင်းနှင်ပြီး မကေ သဇင်အေး (ခ)မကေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်ဇော်ဦး(ခ)အာကာ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တ မင်းအလေးချိန် ၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ အက်တက်စီ ဆေးပြား ၃၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈သိန်း)နှင့် Happy Water အလေးချိန် ၁၃၀ ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၅၆သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၃နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ဆာကူရာလမ်းတွင် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသည့် ဉာဏ် ဝင်းအောင်(ခ)ဉာဏ်ကြီးနှင့် စောမင်းထက်(ခ)စောကြီး(ခ)ဖိုးသားတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါးများနှင့် စပ်လျဉ်း၍ သူရထက်အောင်(ခ)ကိုသူ(၃၀)နှစ်၊ မကေသဇင်အေး(ခ)မကေ(၂၉)နှစ်  နှင့် အောင်ဇော်ဦး(ခ)အာကာ(၃၁)နှစ်၊ ဉာဏ်ဝင်းအောင်(ခ)ဉာဏ်ကြီး (၃၀)နှစ် နှင့် စောမင်းထက်(ခ)စောကြီး(ခ)ဖိုးသား(၂၉)နှစ်တို့အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ယုဇနလမ်းနေ ခင်မောင်သန်း (ခ)ဘာဘူ၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇော်မင်းထွန်း(ခ)ဇော်ကြီး အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၃၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ခင်မောင်သန်း(ခ)ဘာဘူ(၄၂)နှစ် နှင့် ဇော်မင်းထွန်း(ခ)ဇော်ကြီး(၃၃)နှစ်တို့အား ကလေးမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

#PeopleMedia


Share this post