ကလေးမြို့နှင့် မဟာအောင်မြေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - March 4, 2024
နေပြည်တော်၊ မတ် ၄
ကလေးမြို့နှင့် မဟာအောင်မြေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မတ်လ ၂ ရက်နေ့ နံနက် ၈နာရီ ၄၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ စစ်ကိုင်းမြို့၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဖြိုးသူအောင်(ခ)ငဖြိုး မောင်းနှင်ပြီး အံ့မော်ဦး(ခ)ကုလားလေး နှင့် ဖြိုးတေဇာကျော်(ခ)ဖိုးသား(ခ)ကျော်ရဲအောင် တို့လိုက်ပါလာသည့် RAINBOW HINO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၁၁နာရီ ၃၀ အချိန် အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ အောင်နိုင် (ခ)အောင်နိုင်လင်း အား မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းအနီး ကန်ပတ်လမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၂၀၅ အချိန် အောင်နိုင်(ခ)အောင်နိုင်လင်း တည်းခိုနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ နဝရတ်ရပ်ကွက်၊ လမ်း ၄၀၊ ၈၁ x ၈၂ လမ်းကြားရှိ အခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၂၆ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈.၉ သိန်း) တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးသူအောင်(ခ)ငဖြိုး(၃၁)နှစ်၊ အံ့မော်ဦး(ခ)ကုလားလေး (၂၃)နှစ်၊ ဖြိုးတေဇာကျော်(ခ)ဖိုးသား(ခ)ကျော်ရဲအောင်(၂၈)နှစ် နှင့် အောင်နိုင်(ခ)အောင်နိုင်လင်း(၃၉)နှစ်တို့အား သက် ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia