ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများကို ကလေးအလုပ်သမား ကိုယ် တိုင်မှစ၍ မိဘများထံထိရောက်စွာရောက်ရှိနိုင်ရေး အလေးထားဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးမှာကြား
PUBLISHED - January 9, 2024
နေပြည်တော်၊ ဇန်နဝါရီ ၉
မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ကိုအကောင် အထည်ဖော်ဆောင်ရွက် ရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ကလေးအလုပ်သမားကိုယ် တိုင်မှစ၍ မိဘများထံထိရောက်စွာ ရောက်ရှိနိုင်ရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မှာ ကြားသည်။
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမ အကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင် ရွက်မှုများကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမားပြဿနာအပေါ် ဖြေရှင်း နိုင်ရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန် ဝတ္တရားများ သတ်မှတ်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ကိုအကောင် အထည်ဖော်ဆောင် ရွက်ရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ကလေးအလုပ်သမား ကိုယ်တိုင်မှစ၍ မိဘများထံထိရောက်စွာ ရောက်ရှိနိုင်ရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသား ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#PeopleMedia