• Follow Us on
Latest News

Home ကဝမြို့တွင် ကွမ်းယာဝယ်ရန်ထွက်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ကဝမြို့တွင် ကွမ်းယာဝယ်ရန်ထွက်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့၊ သရက်ကုန်းကျေးရွာတွင်နေသည့်အုပ်ချုပ်ရေးမှူးတစ်ဦး ကွမ်းယာ ဆိုင်အနီးတွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သရက်ကုန်းကျေးရွာတွင်နေသည့် အုပ်ချုပ်ရေးမှူးမှာ ကွမ်းယာဝယ်ရန်အတွက် နေအိမ်မှ ထွက်လာစဉ် ထိုကွမ်းယာဆိုင်အနီးအရောက်တွင် PDF များမှ သေနတ်ပစ်ခံရကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အသက်(၄၉) နှစ်အရွယ် ဦးဗိုလ်ဗိုလ်မြင့်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post