ကဝမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - December 28, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုမြင့်(ခ)ဦးဗိုလ်ဗိုလ် မြင့်ကို ဒီဇင်ဘာ ၂၆ ရက်၊ ည ၁၀ နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဗိုလ်မြင့် ၄၉ နှစ်သည် ကွမ်း ယာဆိုင်သို့ ကွမ်းယာဝယ်ရန် တစ်ဦးတည်း ထွက်ခွာလာစဉ် PDF ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးဗိုလ်ဗိုလ်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဦးဘိုမြင့်(ခ)ဦးဗိုလ်ဗိုလ်မြင့်ကို ဒီဇင်ဘာ ၂၆ ရက်နေ့၌ ရှင်းလင်းခဲ့ကြောင်း ကဝမြို့နယ် PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။
#PeopleMedia