ကသာမြို့တွင် KIA/PDF များမှ Drone ဖြင့် ပစ်ချတိုက်ခိုက်ရာမှ အမျိုးသား ၂ ဦး ဒဏ်ရာရ
PUBLISHED - August 18, 2023
နေပြည်တော်၊ သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် KIA/PDF များမှ Drone ဖြင့် ပစ်ချတိုက်ခိုက်ရာမှ အမျိုး သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၇ ရက် နံနက် ၈:၃၀ အချိန်တွင် ကသာမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဉ် ကသာမြို့ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ တောထဲမှ Drone ၄ လုံးဖြင့် ပစ်ချတိုက်ခိုက်ရာမှ ပတ္တမြားရပ်ကွက်သို့ ကျရောက်ပေါက်ကွဲရာမှ ရပ်ကွက်နေအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးသားနှစ်ဦးမှာ အသက်(၂၅) နှစ်အရွယ် မျိုးဝင်းသိန်းမှာ ညာဘက်နားထင်ဗုံးစထိမှန်၍ (မစိုးရိမ်ရ) နှင့် အသက်(၄၉) နှစ်အရွယ် စန်းဝင်း(ခ)ဖိုးချိုမှာ ညာဘက်နောက်ကျောဘက်ခြမ်းတွင် (မစိုးရိမ်ရ) သည့် ဒဏ်ရာများရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia