• Follow Us on

Home ကသာမြို့တွင် PDF များ၏ လက်နက်/ ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ကသာမြို့တွင် PDF များ၏ လက်နက်/ ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် PDF များ၏ လက်နက်/ ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၀ ရက် နေ့လည် ၁၂:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ကသာမြို့နယ်ရှိ ကျေးရွာ တစ်ချို့ ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း ညောင်ပင်သာကျေးရွာအနီးတွင် PDF များနှင့် တိုက်ပွဲများ ဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရာခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်တိုက်ခိုက်ရာတွင် PDF များ၏ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၆ ခု၊ အမ်-၂၂ ကျည် ၂၅၀ တောင့်၊ တရုတ်စက်လတ်ကျည် ၃၀၀ တောင့်၊ စနိုက်ပါကျည် ၁၃ တောင့်၊ ပိုကျည် ၁၃ တောင့်၊ Drop Bomb ဗုံးသီး ၅ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂၀ လုံး၊ မိုင်းဆားကစ်အုံ ၂၁ ခု၊ အိုင်ကွန် ၅ လုံး၊အား သွင်းခုံ ၁၃ ခု၊ Tianbao(chemical 1000 kg) ၁၁ ဘူး၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ အစိမ်း ရောင်ယူနီဖောင်း ၁ စုံ၊ kia လျှာထိုးဦးထုပ် ၄ လုံး၊ ကျောပိုးအိတ်အစိမ်း ၆ လုံး၊ စက်လတ်ကျည်ထည့်ပုံး ၃ ပုံး၊ အမ်-၂၂ ကျည်ထ ည့်ပုံး ၂ ပုံး၊ NLD ခေါင်းစည်း ၂ ခု၊ NLD နှာခေါင်းစည်း ၅ ခု၊ NLD ခွပ်ဒေါင်းအလံ ၂ ခု၊ PDF ဘက်တံဆိပ် ၈ ခု၊ နွေဦးတော်လှန်ရေးတံဆိပ်ပါအင်္ကျီ ၁ ထည်၊ PDF လက်စွဲစာစောင် ၃ အုပ် နှင့် စကားဝှက်စာရွက် ၂ ရွက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post