• Follow Us on
Latest News

Home ကသာမြို့တွင် PDF (၆) လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ကသာမြို့တွင် PDF (၆) လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် PDF (၆) လောင်းနှင့်အတူ ခဲယမ်းများကို လုံခြုံ ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကသာမြို့နယ်ရှိ တုတ်ကြီးကျေးရွာတွင် PDF များ ဆက်ကြေးကောက် ဓားပြပြီး နေအိမ်များမီးရိူ့ကြောင်း သတင်းရရှိသောကြောင့် ထိုကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွား ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ထိုရှင်းလင်းရာတွင် PDF အလောင်း (၆) လောင်း၊ ၁၀၇မမ ဒုံးသီး- ၂ လုံး၊ ပစ်ကျင်း- ၁၅ ကျင်း၊ ဝါယာကြိုး- ၅၀၀ ပေ၊ ဘက်ထရီ- ၃လုံး နှင့် Drone ဘက်ထရီ- ၆ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post