ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်များအား KIA/PDF များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီး
PUBLISHED - August 3, 2023
နေပြည်တော်၊ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက်တွင် ကျောက် ထုံးကြီးကျေးရွာအနီးသို့အရောက်၌ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်းဖက်သမား များက ကျေးရွာအတွင်းနှင့် ကျေးရွာသင်္ချိုင်းကုန်းအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်စေရန်နှင့် ကျေးရွာရှိ နေအိမ်များ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဟု အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိ ရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia