• Follow Us on

Home ကသာမြို့နယ် မိုးတားလေးကျေးရွာအတွင်းသို့ KIA/PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာများရရှိ

ကသာမြို့နယ် မိုးတားလေးကျေးရွာအတွင်းသို့ KIA/PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာများရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဩဂုတ် ၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဩဂုတ် ၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကသာမြို့နယ်၊ မြေနုကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀ ခန့် အကွာမှ မိုးတားလေးကျေးရွာဘက်သို့ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်း ရှိ ဦးကျော်ဆန်း၏ နေအိမ်အပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး ရွှေကူမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကို ကျူးလွန်ခြင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

#PeopleMedia


Share this post