ကသာၿမိဳ႕နယ္တြင္ NLD ဝန္းရံသူ ေဒသခံျပည္သူ ေသာင္းဂဏန္းနီးပါး အင္အားျပလွည့္လည္
PUBLISHED - October 9, 2020
ကသာ၊ ေအာက္တိုဘာ ၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခရိုင္၊ ကသာၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီကို ဝန္းရံေထာက္ခံသူ ေသာင္းဂဏန္းနီးပါးမွ အဖြဲ႕(၃)ဖြဲ႕ခြဲ၍ ေအာက္တိုဘာလ ၉ ရက္က အင္အားျပလွည့္လည္ခဲ့သည္။
“လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြမပါပါဘူး။ ၿမိဳ႕ရြာအစီအစဥ္နဲ႔ပါ။ တာဝန္ရွိတဲ့ၿမိဳ႕နယ္စည္း႐ုံးေရးမွဴး ေတြလည္းမပါပါဘူး။ ၿမိဳ႕လူထုက သူတို႔အစီအစဥ္နဲ႔သူတို႔လုပ္တာပါ” ဟု ကသာၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ အလုပ္အမႈေဆာင္ ဦးျမင့္သန္းကေျပာသည္။
အင္းအားျပလွည့္လည္ရာတြင္ နံနက္(၉)နာရီမွစတင္ကာ ေရႊဂူႀကီးဘုရားေရွ႕မွ စတင္စုေဝးၾကၿပီး ၿမိဳ႕ေပၚ လမ္းမႀကီးႏွင့္ လမ္းသြယ္မ်ားတစ္ေလွ်ာက္၊ ဆိုင္ကယ္၊ ကား၊ သုံးဘီးယာဥ္မ်ားျဖင့္ ေန႔(၁၂)နာရီအထိ NLD ပါတီၿမိဳ႕ေဒသခံဝန္းရံေထာက္ခံသူမ်ားက လွည့္လည္အင္အားျပခဲ့သည္။
“ဒီေန႔လွည့္လည္အင္အားျပတာက ကၽြန္မတို႔ NLD ပါတီကို ေထာက္ခံတဲ့ဝန္းရံတဲ့ျပည္သူေတြအင္အားျပ လွည့္လည္မွာပါ။ ေက်းရြာဘက္ေတြကလည္းလာၾကမွာပါ။ ေဒသခံျပည္သူေတြရဲ့အစီအစဥ္နဲ႔ပဲ လွည့္လည္ အင္အားျပတာပါ” ဟု ကသာၿမိဳ႕ေဒသခံ ေဒၚေအးေအးကေျပာသည္။
အင္းအားျပလွည့္လည္ရာတြင္ ကသာၿမိဳ႕ေပၚရပ္ကြက္ NLD ဝန္းရံသူမ်ားႏွင့္ မိုးတားႀကီး၊ မိုးတားေလး၊ ေခ်ာင္း ဝ၊ ဟဲနား၊ စကားကုန္း၊ ေက်ာက္ထုံးႀကီး၊ သေျပပင္၊ မင္းလယ္၊ တိုက္ကုန္း၊ ဆင္ကုန္တိုင္၊ သဖန္းကိုင္းေက်းရြာ မ်ားရွိ ျပည္သူမ်ားကလည္း မိမိတို႔၏အစီအစဥ္ျဖင့္ ကသာၿမိဳ႕ေပၚတြင္ လွည့္လည္အင္အားျပဝန္းရံရန္ ေရာက္ရွိ လာၾကေၾကာင္းေျပာဆိုၾကသည္။
စပ္ခြန္သာ (ကသာ-EPN)
#PeopleMedia #ကသာၿမိဳ႕
(Unicode)
ကသာမြို့နယ်တွင် NLD ဝန်းရံသူ ဒေသခံပြည်သူ သောင်းဂဏန်းနီးပါး အင်အားပြလှည့်လည်
……………………………………
ကသာ၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဝန်းရံထောက်ခံသူ သောင်းဂဏန်းနီးပါးမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ အောက်တိုဘာလ ၉ ရက်က အင်အားပြလှည့်လည်ခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမပါပါဘူး။ မြို့ရွာအစီအစဉ်နဲ့ပါ။ တာဝန်ရှိတဲ့မြို့နယ်စည်းရုံးရေးမှူး တွေလည်းမပါပါဘူး။ မြို့လူထုက သူတို့အစီအစဉ်နဲ့သူတို့လုပ်တာပါ” ဟု ကသာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးမြင့်သန်းကပြောသည်။
အင်းအားပြလှည့်လည်ရာတွင် နံနက်(၉)နာရီမှစတင်ကာ ရွှေဂူကြီးဘုရားရှေ့မှ စတင်စုဝေးကြပြီး မြို့ပေါ် လမ်းမကြီးနှင့် လမ်းသွယ်များတစ်လျှောက်၊ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်များဖြင့် နေ့(၁၂)နာရီအထိ NLD ပါတီမြို့ဒေသခံဝန်းရံထောက်ခံသူများက လှည့်လည်အင်အားပြခဲ့သည်။
“ဒီနေ့လှည့်လည်အင်အားပြတာက ကျွန်မတို့ NLD ပါတီကို ထောက်ခံတဲ့ဝန်းရံတဲ့ပြည်သူတွေအင်အားပြ လှည့်လည်မှာပါ။ ကျေးရွာဘက်တွေကလည်းလာကြမှာပါ။ ဒေသခံပြည်သူတွေရဲ့အစီအစဉ်နဲ့ပဲ လှည့်လည် အင်အားပြတာပါ” ဟု ကသာမြို့ဒေသခံ ဒေါ်အေးအေးကပြောသည်။
အင်းအားပြလှည့်လည်ရာတွင် ကသာမြို့ပေါ်ရပ်ကွက် NLD ဝန်းရံသူများနှင့် မိုးတားကြီး၊ မိုးတားလေး၊ ချောင်း ဝ၊ ဟဲနား၊ စကားကုန်း၊ ကျောက်ထုံးကြီး၊ သပြေပင်၊ မင်းလယ်၊ တိုက်ကုန်း၊ ဆင်ကုန်တိုင်၊ သဖန်းကိုင်းကျေးရွာ များရှိ ပြည်သူများကလည်း မိမိတို့၏အစီအစဉ်ဖြင့် ကသာမြို့ပေါ်တွင် လှည့်လည်အင်အားပြဝန်းရံရန် ရောက်ရှိ လာကြကြောင်းပြောဆိုကြသည်။
စပ်ခွန်သာ (ကသာ-EPN)
#PeopleMedia #ကသာမြို့