ကာကွယ်ဆေးမပေးနိုင်ပါက ဖိလစ်ပိုင်မှ အမေရိကန်တပ်ဖွဲ့များ ထွက်သွားရမည်ဟု ဖိလစ်ပိုင်သမ္မတ ရာဇသံပေး

PUBLISHED - January 6, 2021
မနီလာ၊ ဒီဇင်ဘာ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများမပေးနိုင်ပါက လက်ရှိဖိလစ်ပိုင်တွင် တပ်စွဲထားသည့်အမေရိကန်တပ်ဖွဲ့များအနေဖြင့် နိုင်ငံမှထွက်သွားရမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဒီဇင်ဘာ ၂၆ ရက်တွင်ပြောသည်။
“အနည်းဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၂၀ မပေးနိုင်ရင် ထွက်သွားတာပိုကောင်းမယ်။ ကာကွယ် ဆေးမပေးရင် ဒီမှာမနေရဘူး”ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ဒူတာတေးကပြောသည်။
ကာကွယ်ဆေးဝယ်ယူ ရန်တာဝန်ပေးထားသည့်အငြိမ်းစားဗိုလ်ချုပ်ကြီး ကျန်းမာရေးဝန်ကြီး ကာလီတို ဂယ်ဗက်ဇ် ဂျူနီယာတွင်တာ ဝန်ရှိကြောင်းပြောရာမှ အမေရိကန်များကိုဆန့်ကျင်ပြောဆိုခြင်းအဖြစ် ကြို တင်ရေးသားထားသည့် မိန့်ခွန်း တွင်မပါဘဲ ပြောခြင်းဖြစ်သည်။
“သူတို့နိုင်ငံမှာတောင် မပေးနိုင်သေးတဲ့အမေရိကန်တွေက ကာကွယ်ဆေး ချက်ချင်းပို့ပေးမယ်လို့ပြောတာ မယုံပါနဲ့။ ဒီအမေရိကန်တွေ၊ ကျွန်တော်လည်းအစိုးရအဖွဲ့ထဲမှာပါတာပဲ။ သူတို့နဲ့အကြိမ်ပေါင်းများစွာ အဆက်အဆံလုပ်ဖူးတယ်။ ဒီတော့ သူတို့နဲ့ပြောဆိုဆက်ဆံရမယ်ဆိုရင် ကျွန်တော်က ဖိလစ်ပိုင်နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲကြည့်တဲ့လူဖြစ်သွားတာပဲ”ဟုလည်း ဒူတာတေးကပြောသည်။
ဖိလစ်ပိုင်တွင် အမေရိကန်တပ်ဖွဲ့များဖြန့်ကျက်နေရာယူထားခွင့်သဘောတူစာချုပ် VFA ကို ဖျက်သိမ်း လိုကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် သတိပေးစာပို့ခဲ့သော်လည်း ဇွန်နှင့်နိုဝင်ဘာတို့တွင် ၂ ကြိမ်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်အထိ စာချုပ်သက်တမ်းတိုးထားသည်။
VFA သက်တမ်းကုန်တော့မည်ဖြစ်ပြီး သူသက်တမ်းမတိုးပေးပါက အမေရိကန်တပ်ဖွဲ့များ ဖိလစ်ပိုင်မှ ထွက်ခွာ ရမည်ဖြစ်ကြောင်းလည်း ဒူတာတေးကအသိပေးသည်။
၁၉၉၉ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည့် VFA သည် အမေရိကန်တပ်ဖွဲ့များကို ဧည့်သည့်အနေဖြင့် နိုင်ငံတွင်း တပ်စွဲထားခွင့်ပြုသည်။
တောင်တရုတ်ပင်လယ်တွင်တင်းမာမှုများမြင့်တက်နေခြင်းကြောင့် ဒူတာတေးက စာချုပ်ကို တဖက်သတ် ရပ်ဆိုင်းလိုခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရို လော့ဆင် ဂျူနီယာကပြောသည်။
အစောပိုင်းတွင် အမေရိကန်ကုမ္ပဏီဖိုင်ဇာနှင့် ဂျာမနီဆေးသုတေသနကုမ္ပဏီ ဘိုင်ယွန်းတက်ခ်တို့ ပူးပေါင်း ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သန်းဝယ်ယူရန်သဘောတူညီချက်ရထားသည်ဟု လော့ဆင်ကပြောသော်လည်း ဂယ်ဗက်ဇ်ကြောင့် သဘောတူညီချက်ပျက်ပြားသွားသည်ဟုဆိုကာ ဝေဖန်မှုများ မြင့်တက်နေသည်။
ကာကွယ်ဆေးအနည်းဆုံးသန်း ၂၀ မထုတ်လုပ်နိုင်ပါက ချက်ချင်းထွက်သွားရမည်ဖြစ်ကြောင်းလည်း ဒူတာ တေးကသတိပေးသည်။
Ref : Duterte dangles VFA for US-made vaccine ‘No vaccine, get out’
#PeopleMedia
(unicode)
………………………………………………….
Ref : Duterte dangles VFA for US-made vaccine ‘No vaccine, get out’
#PeopleMedia