ကာကြယ္ေဆးယံုၾကည္မႈမ်ားေလ်ာ့က်လာၿပီး သတင္းမွားမ်ားေၾကာင့္အထိနာလာေၾကာင္း ကမာၻလံုးဆိုင္ရာေလ့လာခ်က္တြင္ေတြ႕႐ွိ

PUBLISHED - September 12, 2020
လန္ဒန္၊ စက္တင္ဘာ ၁၁
ႏိုင္ငံေရးအုပ္စုကြဲျခင္းႏွင့္ အြန္လိုင္းသတင္းမွားမ်ားသည္ ကမာၻတ၀န္းလံုးမွကာကြယ္ေဆးအစီအစဥ္မ်ားကို ၿခိမ္းေျခာက္ေနၿပီး အမ်ားျပည္သူယံုၾကည္မႈေလ်ာ့က်လာေၾကာင္း ကမာၻတ၀န္းကာကြယ္ေဆးယံုၾကည္မႈ ဆိုင္ရာေလ့လာခ်က္အရသိရသည္။
ႏိုင္ငံအလိုက္ ထိခိုက္မႈပမာဏကြဲျပားေနေၾကာင္းလည္းပါ၀င္သည္။
၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္ၾကား ႏိုင္ငံ ၁၄၉ ႏိုင္ငံတြင္ ကာကြယ္ေဆးမ်ားအေပၚယံုၾကည္မႈေခတ္ေရစီးေၾကာင္း ကိုေဖာ္ျပထားသည့္ေလ့လာမႈတြင္ ကာကြယ္ေဆးမ်ားေဘးကင္းလံုျခံဳမႈအေပၚသံသယ႐ွိျခင္းက ႏိုင္ငံေရးမတည္ၿငိမ္မႈႏွင့္ ဘာသာေရးအစြန္းေရာက္မႈမ်ားႏွင့္အတူ တိုးပြားေနေၾကာင္း ေတြ႕႐ွိသည္။
Lancet ေဆးပညာဂ်ာနယ္တြင္ထုတ္ေ၀ခဲ့ၿပီး လန္ဒန္က်န္းမာေရးႏွင့္အပူပိုင္းေဒသေဆးပညာေက်ာင္းမွ ပါေမာကၡ ဟီဒီ လာဆန္ဦးေဆာင္ခဲ့ေသာသုေတသသည္ ၂၀၁၉ ခုႏွစ္တြင္ ကာကြယ္ေဆးမ်ားသည္ အေရးႀကီးသလား၊ ေဘးကင္းလံုျခံဳသလားႏွင့္ အက်ိဳး႐ွိသလားဟု အ႐ြယ္ေရာက္ၿပီးေသာလူ ၂၈၄၀၀၀ ကိုေမးျမန္းရာမွအေျဖမ်ားကို အေျခခံၿပီးျပဳလုပ္ထားျခင္းျဖစ္သည္။
ကမာၻတ၀န္းမွေဆးကုမၸဏီမ်ားက COVID-19 ကာကြယ္ေဆးထုတ္လုပ္ရန္အၿပိဳင္အဆိုင္ႀကိဳးစားေနခ်ိန္တြင္ အစိုးရမ်ားအေနျဖင့္ ကာကြယ္ေဆးမ်ားအေပၚအမ်ားျပည္သူယံုၾကည္မႈရေစရန္ႏွင့္ စိုးရိမ္မႈမ်ားကို လ်င္ျမန္စြာတံု႔ျပန္ရန္ အထူးႏိုးၾကာတက္ႂကြေနသင့္ေၾကာင္း ေဒါက္တာလာဆန္က အၾကံျပဳသည္။
ဥေရာပတိုက္သည္ အာဖရိကကဲ့သို႔ေသာအျခားကမာၻ႔ေဒသမ်ားထက္ ကာကြယ္ေဆးမ်ားအေပၚယံုၾကည္မႈက်ဆင္းေနၿပီး လစ္သူေရးနီးယားတြင္ ၁၉ ရာခိုင္ႏႈန္းႏွင့္ ဖင္လန္တြင္ ၆၆ ရာခိုင္ႏႈန္း႐ွိသည္။ အီရတ္၊ လိုင္ေဘးရီးယားႏွင့္ဆီနီေဂါတို႔သည္ ကာကြယ္ေဆးမ်ားကအေရးႀကီးေၾကာင္းတံု႔ျပန္သူမ်ားထဲတြင္ အခ်ိဳးအမ်ားဆံုးႏိုင္ငံျဖစ္သည္။
Ref : Vaccine confidence volatile, vulnerable to misinformation, global study finds
#PeopleMedia
(unicode)
ကာကွယ်ဆေးယုံကြည်မှုများလျော့ကျလာပြီး သတင်းမှားများကြောင့်အထိနာလာကြောင်း ကမ္ဘာလုံးဆိုင်ရာလေ့လာချက်တွင်တွေ့ရှိ
……………………………………………………
လန်ဒန်၊ စက်တင်ဘာ ၁၁
နိုင်ငံရေးအုပ်စုကွဲခြင်းနှင့် အွန်လိုင်းသတင်းမှားများသည် ကမ္ဘာတဝန်းလုံးမှကာကွယ်ဆေးအစီအစဉ်များကို ခြိမ်းခြောက်နေပြီး အများပြည်သူယုံကြည်မှုလျော့ကျလာကြောင်း ကမ္ဘာတဝန်းကာကွယ်ဆေးယုံကြည်မှု ဆိုင်ရာလေ့လာချက်အရသိရသည်။
နိုင်ငံအလိုက် ထိခိုက်မှုပမာဏကွဲပြားနေကြောင်းလည်းပါဝင်သည်။
၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား နိုင်ငံ ၁၄၉ နိုင်ငံတွင် ကာကွယ်ဆေးများအပေါ်ယုံကြည်မှုခေတ်ရေစီးကြောင်း ကိုဖော်ပြထားသည့်လေ့လာမှုတွင် ကာကွယ်ဆေးများဘေးကင်းလုံခြုံမှုအပေါ်သံသယရှိခြင်းက နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဘာသာရေးအစွန်းရောက်မှုများနှင့်အတူ တိုးပွားနေကြောင်း တွေ့ရှိသည်။
Lancet ဆေးပညာဂျာနယ်တွင်ထုတ်ဝေခဲ့ပြီး လန်ဒန်ကျန်းမာရေးနှင့်အပူပိုင်းဒေသဆေးပညာကျောင်းမှ ပါမောက္ခ ဟီဒီ လာဆန်ဦးဆောင်ခဲ့သောသုတေသသည် ၂၀၁၉ ခုနှစ်တွင် ကာကွယ်ဆေးများသည် အရေးကြီးသလား၊ ဘေးကင်းလုံခြုံသလားနှင့် အကျိုးရှိသလားဟု အရွယ်ရောက်ပြီးသောလူ ၂၈၄၀၀၀ ကိုမေးမြန်းရာမှအဖြေများကို အခြေခံပြီးပြုလုပ်ထားခြင်းဖြစ်သည်။
ကမ္ဘာတဝန်းမှဆေးကုမ္ပဏီများက COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်အပြိုင်အဆိုင်ကြိုးစားနေချိန်တွင် အစိုးရများအနေဖြင့် ကာကွယ်ဆေးများအပေါ်အများပြည်သူယုံကြည်မှုရစေရန်နှင့် စိုးရိမ်မှုများကို လျင်မြန်စွာတုံ့ပြန်ရန် အထူးနိုးကြာတက်ကြွနေသင့်ကြောင်း ဒေါက်တာလာဆန်က အကြံပြုသည်။
ဥရောပတိုက်သည် အာဖရိကကဲ့သို့သောအခြားကမ္ဘာ့ဒေသများထက် ကာကွယ်ဆေးများအပေါ်ယုံကြည်မှုကျဆင်းနေပြီး လစ်သူရေးနီးယားတွင် ၁၉ ရာခိုင်နှုန်းနှင့် ဖင်လန်တွင် ၆၆ ရာခိုင်နှုန်းရှိသည်။ အီရတ်၊ လိုင်ဘေးရီးယားနှင့်ဆီနီဂေါတို့သည် ကာကွယ်ဆေးများကအရေးကြီးကြောင်းတုံ့ပြန်သူများထဲတွင် အချိုးအများဆုံးနိုင်ငံဖြစ်သည်။
Ref : Vaccine confidence volatile, vulnerable to misinformation, global study finds
#PeopleMedia