• Follow Us on

Home ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအဆင့်ရှိသူကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ် ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ဒု-ဗိုလ်မှူးကြီးကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် န-စ-က ခန့်အပ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအဆင့်ရှိသူကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ် ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ဒု-ဗိုလ်မှူးကြီးကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် န-စ-က ခန့်အပ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအဆင့်ရှိသူကို  မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ် ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ဒု-ဗိုလ်မှူးကြီးကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် န-စ-က ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၈ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဇော်ဝင်းထွန်းသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယဗိုလ်မှူးကြီး ကျော်နိုင်အေးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

 

အဆိုပါ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် တပ်မတော်မှ အဆင့်မြင့် အရာ ရှိနှစ်ဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများဖြစ်သည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက လူကယ်ပြန်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် ဘီအေ(၁/၂) အရာရှိ ၂၃ ဦးကို ဝန်ကြီးဌာနများ၌ ခန့်အပ်မှုပြုလုပ်ခဲ့သည်။

 

#PeopleMedia #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန #နစက

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post