
PUBLISHED - September 23, 2020
၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် ဈေးနှုန်းသစ်များစတင်အသက်ဝင်မည်ဖြစ်ပြီး မကြာသေးမီက အရက်အခွန် တိုးကောက်ပြီး ၅ နှစ်အကြာတွင် ဈေးနှုန်းသစ်များအသက်ဝင်မည်။
#PeopleMedia
(Unicode)
ကာကွယ်ရေးအဆင့်မြှင့်တင်ရန် ဆွီဒင်တွင် အရက်ခွန်တိုးမြှင့်
………………………………………
စတော့ဟုမ်း၊ စက်တင်ဘာ ၂၃
စီးပွားရေးအရှိန်မြှင့်တင်ရန်နှင့် ကာကွယ်ရေးအဆင့်မြှင့်တင်ရန်အပါအဝင် နိုင်ငံ၏စစ်တပ်မဟာဗျူဟာများ အတွက်ထောက်ပံ့ရန် အရက်များအပေါ်အခွန်ကောက်ခံခြင်း ဆွီဒင်အစိုးရက တိုးမြှင့်လိုက်သည်။
စီးကရက်များ၊ အငွေ့မထွက်သောဆေးရွက်ကြီးပစ္စည်းများနှင့် နီကိုတင်းထုတ်ကုန်များအပေါ် အခွန် တိုးမြှင့်ခြင်းနှင့်အတူ ယခုအခွန်တိုးကောက်မှုကြောင့် အမေရိကန်ဒေါ်လာသန်း ၁၁၀ ခန့်ရရှိမည်ဟု ခန့်မှန်းသည်။
အခွန်တိုးကောက်မှုသည် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရာတွင် အကူအညီဖြစ်မည်ဟု ဆွီဒင်ဘဏ္ဍာရေး ဝန်ကြီးကပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စျေးနှုန်းသစ်များစတင်အသက်ဝင်မည်ဖြစ်ပြီး မကြာသေးမီက အရက်အခွန် တိုးကောက်ပြီး ၅ နှစ်အကြာတွင် စျေးနှုန်းသစ်များအသက်ဝင်မည်။
ဆွီဒင်နိုင်ငံတွင် အရက်ရောင်းချခြင်းနှင့်အခွန်ကောက်ခံခြင်းကို သမိုင်းတစ်လျှောက်တင်းတင်းကြပ်ကြပ် စည်းကမ်းသတ်မှတ်ထားပြီး အရက်ပါဝင်မှု ၃.၅ ရာခိုင်နှုန်းထက်ပိုများသည့်အရက်များကို လက်ဝါးကြီး အုပ်ထားသည့်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း Systembolaget ထံမှသာဝယ်ယူနိုင်သည်။
Ref : Sweden Raises Taxes on Alcohol to Fund Its Defence Build-Up
#PeopleMedia