ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူသော်လည်း န-စ-က ကောင်စီဝင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်

PUBLISHED - January 11, 2022
နေပြည်တော်၊ ဇန်နဝါရီ ၁၁ (People Media)
ဇန်နဝါရီ ၁၀ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
လစ်လပ်သွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ကို စစ်ဦးစီးအရာရှိချုပ်(လေ) ဒု-ဗိုလ်ချုပ်ကြီး ထွန်း အောင်က ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
“သက်ပြည့်ပင်စင်အတိုင်းသွားတာပါ။ ဒီလိုပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တွေထဲမှာ တပ်မတော်က အကြီးအကဲတွေ သက်ပြည့်ပင်စင်နဲ့ အနားယူသွားတာရှိပါတယ်။ ဒီလို အနားယူလိုက်သော်လည်း ကောင်စီဝင် ထဲမှာ ဆက်ရှိနေပါတယ်” လို့ တပ်မတော်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
#PeopleMedia #တပ်မတော်လေ
(unicode)
………………………………………………………………