• Follow Us on

Home ကာကွယ်ရေးစနစ်အဆင့်မြှင့်တင်ရေးအတွက် အင်ဒိုနီးရှားသမ္မတပရာဘိုဝိုနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်တို့ ဆွေးနွေး

ကာကွယ်ရေးစနစ်အဆင့်မြှင့်တင်ရေးအတွက် အင်ဒိုနီးရှားသမ္မတပရာဘိုဝိုနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်တို့ ဆွေးနွေး

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုဆူဘီယန်တိုနဲ့ အမေရိကန်ကာကွယ် ရေဝန်ကြီး လွိုက်သြစတင်တို့ဟာ အခြေခံလက်နက်ကာကွယ်ရေးစနစ် (ဒုံးကျည်ကာကွယ်ရေးစနစ်) အဆင့် မြှင့်တင်ဖို့အတွက် စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲ ဘေးပန်းအစည်းအဝေးအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

 

အင်ဒိုနီးရှားကာကွယ်ရေးတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်ပေးဖို့ ထောက် ပံံ့မှုအတွက် အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိကြောင်း အစည်းအဝေးမှာ ပရာဘိုဝိုက ပြောပါတယ်။

 

“ဒီအဆင့်မြှင့်တင်မှုဟာ အင်ဒိုနီးရှားကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စံကိုက်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် မရှိမဖြစ် အရေးကြီးတဲ့ဆောင်ရွက်မှုဖြစ်ပါတယ်။” လို့ ဇွန်လ ၂ ရက်နေ့က အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ကို ရည် ညွှန်းပြီး ၎င်းက ပြောပါတယ်။

 

ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ရေး စွမ်းရည်မြှင့်တင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ ကာကွယ်ရေးစနစ် တွေကို အဆင့်မြှင့်တင်ရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရေးကြီးပုံကို အင်ဒိုနီးရှားနို်င်ငံရော အမေရိကန် ပြည်ထောင်စုကပါ လေးလေးစားစားအသိအမှတ်ပြုကြောင်း ပရာဘိုဝိုက ပြောပါတယ်။

 

စစ်လက်နက်ပစ္စည်းတွေ အဆင့်မြှင့်တင်မှုအပြင် နှစ်နိုင်ငံရေရှည်မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့နဲ့ ဘုံ အကျိုးစီးပွားတည်ဆောက်ရေးအတွက် ပရာဘိုဝိုနဲ့ သြစတင်တို့ဟာ အလားအလာရှိတဲ့ နည်းလမ်းတွေကို လည်း စူးစမ်းလေ့လာခဲ့ကြပါတယ်။

 

အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဆက် လက်ထိန်းသိမ်းထားဖို့ မျှော်လင့်ကြောင်း ပြောဆိုရင်း အခုလို အကျိုးရှိတဲ့ဆွေးနွေးမှုအတွက် ကျေးဇူးတင် ကြောင်းကိုလည်း ပရာဘိုဝိုက သြစတင်ကို ပြောပါတယ်။

 

အင်ဒိုနီးရှားသမ္မတပရာဘိုဝို ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေးကို ထိန်းသိမ်းရာမှာ အင်ဒိုနီးရှားရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကို သက်သေပြခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနပြည်သူ့ဆက်ဆံရေးဗျူရိုက ဗိုလ်မှူးချုပ် အက်ဒွင်အက်ဒရီယန်ဆူမန်သာက မေလ ၃၁ ရက်နေ့က ပြောပါတယ်။

 

၂၀၀၂ ခုနှစ်စပြီး နှစ်စဉ်ကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲဟာ ပထဝီနိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့နဲ့ ဆက်နွယ်တဲ့ မဟာဗျူဟာမြောက်ပြဿနာတွေကို ဆွေးနွေးတဲ့ နိုင်ငံတကာဖိုရမ်တစ်ခုဖြစ်ပါတယ်။

 

Ref: Indonesia’s Prabowo Subianto Discusses Defense System Modernization with US Secretary of Defense

 

#PeopleMedia


Share this post