• Follow Us on
Latest News

Home ကာကွယ်ရေးဝန်ကြီးရက်ဇ်နီကော့ဗ်ကို ယူကရိန်းသမ္မတဇီလန်စကီး အစားထိုး

ကာကွယ်ရေးဝန်ကြီးရက်ဇ်နီကော့ဗ်ကို ယူကရိန်းသမ္မတဇီလန်စကီး အစားထိုး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီရက်ဇ်နီကော့ဗ်ကို ရာထူးကအနားပေးပြီး တခြားတစ်ယောက်နဲ့ အစားထိုးတော့မှာဖြစ်ကြောင်း ယူက ရိန်းသမ္မတဗလာဒီမာဇီလန်စကီးက စက်တင်ဘာလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ရုရှားကျူးကျော်စစ်မတိုင်ခင် သုံးလအလိုမှာ ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ရက်ဇ်နီကော့ဗ်ဟာ ယူ ကရိန်းတပ်ဖွဲ့တွေကို အနောက်နိုင်ငံတွေက ခေတ်မီလက်နက်တွေတပ်ဆင်ဖို့ ယူကရိန်းအစိုးရရဲ့ အနောက်နိုင်ငံ တွေနဲ့ ညှိနှိုင်းမှုတွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံက တန်ပြန်ထိုးစစ်ဆင်နွှဲနေချိန်နဲ့ ဥရောပနိုင်ငံတွေရဲ့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်နေချိန်မှာ တနင်္ဂနွေနေ့ညနေပိုင်းမှာထုတ်လုပ် ခဲ့တဲ့ ရုပ်သံအစီအစဉ်ကနေ ကာကွယ်ရေးဝန်ကြီးကိုဖယ်ရှားတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“အိုလက်ဆီ ရက်ဇ်နီကော့ဗ်ဟာ စစ်ပွဲကာလတစ်လျှောက် ရက်ပေါင်း ၅၅၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ် ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းသစ်တွေ လိုအပ်နေပြီဖြစ်ပြီး စစ်ရေးအရရော လူမှုရေးအရ ပါ တခြားပုံစံသစ်တွေနဲ့ တုံ့ပြန်ဖို့ လိုအပ်နေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။” လို့ ဇီလန်စကီးက ၎င်းရဲ့နေ့စဉ် ပြောနေကျ ညနေပိုင်းမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

 

ဇလန်စကီးဟာ ရက်ဇ်နီကော့ဗ်နေရာကို အစားထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံတော်ပိုင်ပစ္စည်းများ ရန်ပုံငွေအဖွဲ့ရဲ့အကြီးအကဲဖြစ်ပြီး ခရိုင်းမီးယားနယ်သားဖြစ်သူ ရပ်စ်တမ်းယူမာရော့ဗ် (Rustem Umerov) ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

 

“လက်ရှိအချိန်မှာ ရပ်စ်တမ်းယူမာရော့ဗ်ဟာ ကာကွယ်ရေးဝန်ကြီးဖြစ်သင့်ပါတယ်။ အခုအမည်စာရင်းတင်သွင်း ထားသူကို လွှတ်တော်က ထောက်ခံလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” လို့ ဇီလန်စကီးကပြောပါတယ်။

 

အသက် ၅၇ နှစ်ရှိပြီး စစ်ရေးအတွေ့အကြုံမရှိသလောက်နည်းပါးတဲ့ ရှေ့နေတစ်ဦးဖြစ်သူ ရက်ဇ်နီကော့ဗ်ဟာ ယူကရိန်းစစ်ပွဲအတွင်း လူသိအများဆုံးထဲက တစ်ဦးဖြစ်လာပါတယ်။

 

ရုရှားကျူးကျော်စစ်အတွင်းမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ နာမည်ပျက်ခဲ့ ပါတယ်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းထက် နှစ်ဆ/သုံး ဆ မြင့်တဲ့ဈေးနှုန်းနဲ့ အစားအသောက်ကန်ထရိုက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက် ပေါ်လာပြီးနောက် ဒုတိယကာကွယ်ရေးဝန်ကြီး နုတ်ထွက်ဖို့ ဇန်နဝါရီလအတွင်းက ဖိအားပေးခံခဲ့ရပေမဲ့ ရက်ဇ် နီကော့ဗ်ကတော့ ၎င်းရာထူးမှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Zelensky Replaces Ukraine’s Defense Minister Reznikov

 

#PeopleMedia


Share this post