ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ဟက်ဆက် ဒီမိုကရက်အမတ်တွေရဲ့ တင်းကျပ်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရ

PUBLISHED - January 15, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅
အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်း ထားတဲ့ ပိဟက်ဆက် (Pete Hegseth) ဟာ အရက်ကြိုက်တာနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခဲ့တယ် ဆိုတဲ့ ၎င်းရဲ့ အရည်အချင်းမပြည့်မီမှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်လွှတ်တော်အမတ်တွေရဲ့ တင်းကျပ်တဲ့ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Fox News သတင်းဌာန အစီအစဉ်တင်ဆက်သူဟောင်းနဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဟက်ဆက်ဟာ ကာကွယ် ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူတွေထဲမှာ အငြင်းပွားအခံရဆုံးသူဖြစ်ပါတယ်။
ဒါပေမဲ့ ရီပတ်ဘလီကန်အမတ်တွေနဲ့ ဝေးကွာသွားစေနိုင်တဲ့ လူမှုရေးစကားအမှားမျိုးလုံးဝ မလုပ်ခဲ့ဘဲ လေးနာရီကြာ ကြားနာစစ်ဆေးပွဲကို အောင်မြင်စွာဖြတ်ကျော်ခဲ့ရာမှာ ပါတီတွင်းမှာသြဇာလွှမ်းမိုးတဲ့ ရီပတ်ဘလီကင်အထက်လွှတ်တော်အမတ် ဂျိုနီးအန့်စ်ထ်ရဲ့ ထောက်ခံမှုကိုတောင် ရခဲ့တယ်လို့ ဆိုပါတယ်။
ဟက်ဆက်ကိုထောက်ခံတဲ့ ဦးထုပ်တွေဆောင်းထားတဲ့ ထောက်ခံသူတွေကြားက ရီပတ်ဘလီကန်ကော်မတီ လေးငါး ခုက လွှတ်တော်အမတ်တွေကလည်း မတူကွဲပြားမှု၊ ညီညွတ်မျှတမှုနဲ့ တပ်မတော်တွင်း အားလုံးရဲ့ အမြင်တွေကို ပေါင်းစည်းလေးစားရေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးတဲ့ အသက် ၄၄ နှစ်အရွယ် ဟက်ဆက်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးြဖ်စလာရင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စီကျူဘရောင်းကို ဖြုတ်ပစ်မှာ လားလို့ မေးတဲ့အခါ “၎င်းအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့အမြင်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး သတင်းထောက်တွေ မေးမြန်းတာကို လုပ်မလုပ် တရားဝင်ဖြေကြားခြင်း” မရှိပါဘူူး။
“အရည်အသွေးအလျောက် မြှောက်စားတဲ့စနစ်၊ စံနှုန်းအဆင့်အတန်း၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ သူတို့ကို ဥပဒေနဲ့အညီ ပေးထားတဲ့ အမိန့်တွေနဲ့ပတ်သက်ပြီး အမိန့်နာခံမှုတွေအပေါ် အခြေခံပြီး ထိပ်တန်းအရာရှိ တစ်ယောက်ချင်းစီရဲ့ အရည်အသွေးတွေကို ပြန်လည်ဆန်းစစ်အကဲဖြတ်သွားမှာပါ။” လု့ိ ဟက်ဆက်က ပြောပါတယ်။
အမျိုးသမီးတွေ တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်တာကို ဟက်ဆက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ ကြားနာ စစ်ဆေးပွဲမှာတော့ အဲဒီရပ်တည်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။
“မစ္စတာဟက်ဆက် ဒီအလုပ်ရဲ့ များပြားလှတဲ့လိုအပ်ချက်တွေကို ပြည့်မီအောင်ဖြည့်ဆီးနိုင်ရေး တာဝန် ထမ်းဆောင်ဖို့အတွက် ခင်ဗျားဟာ အရည်အချင်းပြည့်မီတယ်လို့ ကျွန်တော်တော့ မယုံကြည်ပါဘူး။” လို့ အထက်လွှတ်တော်လက် နက်ကိုင်တပ်ဖွဲ့ကော်မတီအဖွဲ့ဝင် ဒီမိုကရက်လွှတ်တော်အမတ် ဂျက်ရိဒ်က ပြောပါတယ်။
၂၀၁၇ ခုနှစ်က လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲခံရမှုအပါအဝင် ဟက်ဆက်နဲ့ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်အများအပြားလည်း ရှိနေသေးတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးတာတွေ၊ စစ်မှုထမ်းဟောင်းအဖွဲ့တွေမှာ ငွေကြေးအလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါသေးတယ်။
ဟက်ဆက်က ၎င်းရွေးချယ်ခန့်ထားခံရရင် အရက်မသောက်တော့ဘူးလို့ ကတိပြုသလို ငွေကြေးကိစ္စ အမှားအယွင်းဖြစ်ခဲ့ ပေမဲ့ အလွဲသုံးစားလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒီမိုကရက်အထက်လွှတ်တော်အမတ် ခါ့စ်တန်းဂယ်လီဘရန်းက အမျိုးသမီးတွေအပေါ်ထားရှိတဲ့ ဟက်ဆက်ရဲ့ အတိတ် ကာလက သဘောထားမှတ်ချက်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး “အမေရိကန်တပ်မတော်မှာ ၁၈% ရှိတဲ့ အမျိုး သမီးတွေအပေါ်ထားရှိတဲ့ ၎င်းရဲ့သဘေားထားကို အခြေခံကျကျ ပြင်ဆင်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း” ပြောပါတယ်။
“ကျွန်မတို့တပ်မတော်ရဲ့ တိုက်ခိုက်ရေးတပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေ အများကြီး တကယ့်ကို အများကြီးရှိပါတယ်။ သူတို့တွေ တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်နေကြတာပါ။ ဒါပေမဲ့ ရှင်က အဲဒီအမျိုးသမီးတွေကို သိက္ခာချနေပါတယ်။” လို့ ဂယ်လီဘရန်းက ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။
ထရမ့်ရဲ့ရီပတ်ဘလီကန်အမတ်တွေဆီက အားကောင်းတဲ့ထောက်ခံမှုတွေရပေမဲ့လည်း ၉၃-၂ မဲ ရခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်၊ ၉၈-၁ မဲ ရခဲ့တဲ့ ထရမ့်ပထမသက်တမ်းက ကာကွယ်ရေးဝန်ကြီး ဂျမ်မတ် တက်စ်တို့နဲ့ နှိုင်းယှဉ်ရင် ဟက်ဆက်ဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ခြေ နည်းပါးတယ်လို့လည်း ဆိုပါတယ်။
Ref: Trump nominee Pete Hegseth weathers Democrat grilling to emerge largely unscathed
#PeopleMedia