• Follow Us on
Latest News

Home ကာစီနိုလောင်းကစားရုံဖွင့်လှစ်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ကြောင်း ထိုင်းနိုင်ငံရေးသမား နှစ်ဦးပြော

ကာစီနိုလောင်းကစားရုံဖွင့်လှစ်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ကြောင်း ထိုင်းနိုင်ငံရေးသမား နှစ်ဦးပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁

 

အစိုးရကဆောင်ရွက်မယ့် ကာစီနိုအပါအဝင် လောင်းကစားနည်းပေါင်းစုံပါဝင်တဲ့ ဖျော်ဖြေရေးအဆောက်အအုံ တည်ဆောက်ရေးစီမံချက်ဟာ နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမယ့်တန်ဖိုးထက် နိုင်ငံအတွက် ထိ ခိုက်နစ်နာစေမယ့် ဆိုးကျိုး ပိုများမှာဖြစ်ကြောင်း ဒီမိုကရက်ပါတီဒုတိယခေါင်းဆောင်နှစ်ဦးက တနင်္ဂနွေနေ့ (မတ်လ ၃၁ ရက်နေ့) က သတိပေးလိုက်ပါတယ်။

 

စီမံချက်နဲ့ ပတ်သက်တဲ့ ဆန်းစစ်လေ့လာမှုတစ်ခုကို အောက်လွှတ်တော်က တညီတညွတ်တည်း ခွင့်ပြုလိုက်ပြီး နောက်မှာ ဒီမိုကရက်ပါတီဒုတိယခေါင်းဆောင် ဆူချတ်ဗီးဆူဝန်ဆာဝတ်နဲ့ ချိုင်းချာနာဒက်ရှ်ဒီချိုတို့က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ဘဏ္ဍာရေးဒုတိယဝန်ကြီးဂျူလာပန်အမွန်းဗီဗတ်ခေါင်းဆောင်တဲ့ အောက်လွှတ်တော်ကော်မတီက ဆောင်ရွက် တဲ့ ဆန်းစစ်လေ့လာမှုကို မတ်လ ၂၈ ရက် (ကြာပသတေးနေ့) က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၅၃ မဲ နဲ့ ထောက်ခံခဲ့ပါတယ်။

 

အဲဒီစီမံချက်ထဲမှာ ကုန်တိုက်ကြီးတစ်ခု၊ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး၊ စားသောက်ဆိုင်များ၊ အစည်းအဝေးခန်း မများ၊ ကျန်းမာရေးစင်တာများ၊ အားကစားခန်းမတစ်ခု၊ လှေလှော်ရွက်တိုက်အသင်းများ၊ ဂိမ်းရုံများ၊ ရေကစား ဥယျာဉ်များ၊ အပန်းဖြေကစားကွင်းများနဲ့ ကာစီနိုလောင်းကစားများပါဝင်မှာဖြစ်ကြောင်း အောက်လွှတ်တော် ကော်မတီလေ့လာချက်အရ သိရပါတယ်။

 

ကာစီနိုလောင်းကစားပါတဲ့ အဲဒီစီမံချက်ကို ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကလည်း ထောက်ခံကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။

 

အစိုးရအနေနဲ့ စီမံချက်နဲ့ပတ်သက်တဲ့ ကောင်းကျိုး/ဆိုးကျိုးတွေကို ပိုမိုပြည့်စုံတဲ့ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ သင့်ပြီး ဝန်ကြီးချုပ်က မကြေညာခင်မှာ အဖွဲ့အစည်းပေါင်းစုံက အသံတွေကို နားစွင့်သင့်ကြောင်း ဆူချတ်ဗီးက ပြောပါတယ်။

 

နိုင်ငံတွင်း ကာစီနိုလောင်းကစားရုံတစ်ရုံ ဖွင့်လိုက်တာနဲ့ အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေ ပိတ်သွားပါ မယ်ဆိုတဲ့ အာမခံချက် လုံးဝမရှိကြောင်း ဆူချတ်ဗီးက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ အမှားသရုပ်ပြဖို့အတွက် အစမ်းသပ်ခံကွင်းတစ်ခုမဟုတ်ပါဘူး။ အခုလို စမ်းသပ်မှုမျိုးဟာ ကျွန် တော်တို့ ကလေးတွေကို ပျက်စီးစေနိုင်ပါတယ်။” လို့ ဆူချတ်ဗီးက ပြောပါတယ်။

 

ကာစီနိုကို တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံလေးငါးနိုင်ငံဟာလည်း အခွန်ရှောင်ငွေကြေးနဲ့ အဂတိလိုက်စားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီကာစီနိုတွေကလည်း နိုင်ငံရဲ့ စီးပွားရေးကို မျှော်မှန်းထားသလောက် အ ထောက်အကူမပြုနိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

ကာစီနိုကို တရားဝင်ခွင့်ပြုလိုက်လို့ မြေအောက်လောင်းကစားတွေဆီက အစိုးရက အခွန်ကောက်ယူလို့မရနိုင် ကြောင်း၊ လောင်းကစားကနေ စီးပွားရေးတိုးတက်လာမယ့်အစား စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စုတို့လို နိုင်ငံ တွေဟာ လူမှုရေး/ရာဇဝတ်မှု ပြဿာနာတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေရှိပြီးသားဖြစ်သလို ကောင်းမွန်တဲ့ယဉ် ကျေးမှုလည်း ရှိပြီးဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကို ကာစီနိုနဲ့ မဆွဲဆောင်ဘဲ ရှိပြီးသားလုပ်ငန်းတွေ ကို အားပေးမြှင့်တင်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ကာစီနိုရုံဖွင့်လှစ်မယ့်အစား အစိုးရအနေနဲ့ ရိုးရားဂိမ်းကစားနည်းတွေကို တရားဝင်ဖြစ်အောင်ဆောင်ရွက်ပြီး အဲဒီကစားနည်းတွေကနေ ဝင်ငွေရှာနိုင်ကြောင်း မစ္စတာချိုင်းချာနာဒက်ရှ်ဒီချိုက ပြောပါတယ်။

 

Ref: Two senior Democrats say casino entertainment complex not worth the trouble

 

#PeopleMedia


Share this post