• Follow Us on
Latest News

Home ကာတာလေယာဉ် ဆိုးရွားပြင်းထန်တဲ့လေပြင်းဒဏ်ကြုံတွေ့ရပြီး ၁၂ ဦး ဒဏ်ရာရ

ကာတာလေယာဉ် ဆိုးရွားပြင်းထန်တဲ့လေပြင်းဒဏ်ကြုံတွေ့ရပြီး ၁၂ ဦး ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ မေ ၂၇

 

ကာတာလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ တနင်္ဂနွေနေ့ (မေလ ၂၆ ရက်နေ့) က ခရီးစဉ်အတိုင်း ဆင်းသက်ရမယ့်ဒဗ္ဗလင်မြို့ကို မဆင်းသက်မီ တူရကီနိုင်ငံဝေဟင်ထက်မှာ ဆိုးရွားတဲ့လေပြင်းဒဏ်ခံခဲ့ရတဲ့ အတွက် ခရီးသည် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

 

လေယာဉ် ရုတ်တရက်ထိန်းသိမ်းမရဖြစ်သွားတဲ့အချိန်မှာ လေယာဉ်အမှုထမ်းတစ်ဦးဟာ လေထဲမှာ လွင့်ထွက် နေတယ်လို့ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေက ပြောကြောင်း RTE News မှာ ဖော်ပြထားပါတယ်။

 

လေယာဉ်က လေးငါးစက္ကန့်ကြာ အောက်ဘက်ကို ထိုးကျနေချိန်မှာ ခရီးသည်တွေက ထိတ်လန့်ကြောက်ရွံ့နေ သလို အစားအသောက်တွေက ခရီးသည်အခန်းထဲမှာ ပြန့်ကြဲနေတယ်လို့ ခရီးသည်တစ်ဦးက ပြန်ပြောပါတယ်။

 

လန်ဒန်ကနေ စင်္ကာပူကို ပြန်လာတဲ့ စင်္ကာပူလေကြောင်းလိုင်းက လေယာဉ်တစ်စင်း ဆိုးရွားတဲ့လေပြင်းဒဏ်ခံ ခဲ့ရပြီးနောက် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တစ်ပတ် အကြာမှာ အခုလို ကာတာလေယာဉ်က လေပြင်းဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။

 

စင်္ကာပူလေယာဉ်ဖြစ်စဉ်မှာတော့ လေယာဉ်ထိန်းမရတဲ့အချိန်မှာ ခရီးသည်တစ်ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

 

ကာတာလေကြောင်းလိုင်း ခရီးစဉ် QR017 လေယာဉ်ကတော့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ဒဗ္ဗလင်လေ ဆိပ်ကို ဆင်းသက်တဲ့အချိန်မှာ အရေးပေါ်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်ရှိလာခဲ့ပါ တယ် ဖြစ်စဉ်မှာ ခရီးသည် ၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဘိုးရင်း ၇၈၇ လေယာဉ်ကြီး လေပြင်းဒဏ်ခံရချိန်မှ ထိုင်ခုံခါးပတ်ပတ်ထားဖို့ အချက်ပြမီး မလင်းဘူးလို့ ခရီး သည်တစ်ဦးက RTE News ကို ပြောပါတယ်။

 

ခရီးသည်တစ်ဦးလက်ကို လည်သိုင်းပတ်တီးစည်းထားတာတွေ့ရပြီး လေယာဉ်အမှုထမ်းတချို့ရဲ့ မျက်နှာမှာ တော့ ပွန်းပဲ့ရာတွေ တွေ့ရကြောင်း အမျိုးသမီးခရီးသည်တစ်ဦးက ပြောပါတယ်။

 

အခုလို ဆိုးရွားတဲ့လေပြင်းဒဏ်ကြောင့် သေဆုံးမှုနဲ့ အပြင်းအထန်ဒဏ်ရာရမှုတွေ တွေ့ရခဲပေမဲ့ ကမ္ဘာကြီးပူနွေး လာမှုကြောင့် အခုလို လေပြင်းဒဏ်အဖြစ်အပျက်မျိုး ပိုမိုကြုံတွေ့လာလိမ့်မယ်လို့ သုတေသနအချက်အလက် တွေအရ သိရပါတယ်။

 

အမြင့်ပေအသီးသီးက လေတိုက်နှုန်းပြောင်းလဲမှုတွေဟာ ပိုမိုဆိုးရွားပြင်းထန်လာတာကြောင့် ရာသီဥတုပြောင်း လဲမှုဟာ ဆိုးရွားပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုတွေကို ပိုမိုဖြစ်ပေါ်လာစေတယ်လို့ အင်္ဂလန်နိုင်ငံ Reading တက္ကသိုလ်က မိုးလေဝသပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

 

Ref: Severe turbulence leaves 12 injured on Qatar Airways flight

 

#PeopleMedia


Share this post