ကာဗွန်ဓာတ်ငွေ့ဖမ်းယူနိုင်သည့်နည်းပညာအကောင်းဆုံးသူကို ဒေါ်လာသန်း ၁၀၀ ဆုချီးမြှင့်မည်ဟု အီလွန် မက်စ်က်ကြေညာ

PUBLISHED - January 22, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုဖမ်းယူနိုင်သည့်အကောင်းဆုံးနည်းပညာကို ဒေါ်လာသန်း ၁၀၀ ဆုချီးမြှင့်မည်ဟု တက်ဆလာကုမ္ပဏီအကြီးအကဲနှင့် ကုဋေကြွယ်သူဌေး အီလွန် မက်စ်က်က ကြာသပတေးနေ့တွင် တွစ်တာ၌ပြောသည်။
ကမ္ဘာတဝန်းထုတ်လွှတ်နေသည့်ကာဗွန်များကိုဖမ်းယူခြင်းသည် ရာသီဥတုပြောင်းလဲမှုကိုထိန်းချုပ်ထားရန်အစီ အစဉ်များစွာ၏ အရေးပါသောတစိတ်တပိုင်းဖြစ်သော်လည်း ယနေ့အထိ နည်းပညာပိုင်းတွင် တိုးတက်မှု အနည်းငယ်သာရှိပြီး ကာဗွန်များကိုလေထဲမှစုပ်ယူခြင်းထက် ထုတ်လွှတ်မှုလျှော့ချရန်သာ အာရုံစိုက်နေသည်။
အကယ်၍ ကမ္ဘာ့နိုင်ငံများက ထုတ်လွှတ်မှုသုညမျှော်မှန်းချက်အတိုင်းမပြည့်မီနိုင်ပါက ကာဗွန်ဖမ်းယူသည့်နည်း ပညာများအသုံးပြုမှုသိသိသာသာမြင့်တက်လာနိုင်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီက ၂၀၂၀ ပြည့် နှစ်တွင်ပြောသည်။
လာမည့်တပတ်တွင် အသေးစိတ်အစီအစဉ်များကိုထုတ်ပြောမည်ဟု မစ္စတာ မက်စ်က်ပြောသည်။
အင်တာနက်ငွေပေးချေမှုကုမ္ပဏီ PayPal ကိုပူးတွဲတည်ထောင်ခဲ့ပြီးနောက်ရောင်းချခဲ့သည့် မစ္စတာ မက်စ်က်သည် ကမ္ဘာ့ခေတ်ရှေ့ပြေးကုမ္ပဏီအချို့ကို ဦးဆောင်နေသူဖြစ်သည်။
တက်ဆလာအပြင် ဒုံးပျံကုမ္ပဏီ SpaceX နှင့် လူသားဦးနှောက်နှင့်ကွန်ပြူတာကိုချိတ်ဆက်နိုင်သည်စနစ်ကို ဖန်တီးနေသည့်လုပ်ငန်းသစ် Neuralink တို့ကိုလည်း မက်စ်က်ကဦးဆောင်နေသည်။
Ref : Elon Musk to offer $100 million prize for ‘best’ carbon capture tech
#PeopleMedia
(unicode)
…………………………………………………
Ref : Elon Musk to offer $100 million prize for ‘best’ carbon capture tech
#PeopleMedia